💔17💔(Part2)

Start from the beginning
                                    

"ပေါ့ပေါ့ပါးပါးကိုယူလာလေ...
ဒီအရွယ်ရောက်နေပီ ဒါလေးတောင်မသိဘူးလား
ငါချွေးတွေပြန်နေလို့ပါဆိုကွာ...!!!"

"နေမကောင်းတော့ နွေးအောင်လေ...!!!"

"မိုက်ရိုင်းဖို့ပဲ တတ်တဲ့ကောင် သွား
တခြားဟာသွားယူ.."

မောင်သည်...ကြမ်းပြင်ပေါ်ပြုတ်ကျသွားသော
ဘောင်းဘီနဲ့အကျီကိုပြန်ကောက်ကာ
ဗီရိုဆီထပ်ပြေးရပြန်သည်။
ညဝတ်ပေါ့ပေါ့ပါးပါးတစုံကို ဆွဲယူပြီး
မှားများမှားအုန်းမလားဆိုတဲ့ လန့်နေမှုနဲ့
ချပေးလိုက်တော့ လူမမာလေးက
အကျီလဲရန် ခက်ခဲစွာထသည်။

"ပြူးကြည့်မနေနဲ့လေ...လာထူအုန်း!!!!"

မထိနဲ့မကိုင်နဲ့အော်နေလို့ဆင်ခြင်နေခဲ့တာ။
အသံကုန်အော်တော့ပြေးထူရသည်။

"ငါအကျီလဲမယ် အဝတ်စတခုကိုရေနည်းနည်း
စွတ်ပြီးယူခဲ့ အပူကျမှဖြစ်မယ်...."

နှဖူးပေါ်အဝတ်စလေးတစ်ခုတင်ကာ
အပူကျအောင်လုပ်ဖို့Jimin တွေးကာ
ခိုင်းလိုက်တော့ ခေါင်းညိတ်လျှက်
ထွက်သွားတဲ့သူ။
T Shirtကိုဆွဲချွတ်ကာ ချွေးတွေသုတ်လိုက်ပြီး
ညဝတ်အကျီကိုပြောင်းလဲလိုက်သည်။

ဖျားတဲ့ဝေဒနာသည်တကယ်ကိုခံရခက်ပါသည်။
အိမ်မှာသာဆို ဒီလောက်ခံရမှာမဟုတ်။
ကိုယ့်အိမ်နဲ့ကိုယ် ဘယ်နေရာမှာဘာရှိတယ်
ဆေးဝါးအစုံအလင်နဲ့ အိမ်ဆိုတဲ့အသိလေးကြောင့်
သက်သာအုန်းမည်။
ခုဟာက သူစိမ်းနေရာ သူစိမ်းလူတွေနဲ့။
JeonJungkook ဟုသာ ထထအော်ပစ်ချင်နေသည်။

ရေချိုးခန်းထဲကပြေးထွက်လာသောသူသည်
ရေစွတ်လာကာ သဘက်အကြီးကြီး...။
နှဖူးပေါ်တင်မယ့်ဟာ တကိုယ်လုံးပင်ပတ်လ်ို့
ရနေတာကြောင့် Jimin သည် တပူပေါ်အပူပေါင်း
များစွာထပ်ဆင့်တော့သည်။

"နှဖူးပေါ်တင်မယ့်ဟာ..!!ဘာတွေလုပ်လာပြန်တာလဲ!!!!"

"ကျတော့်ကိုနှဖူးပေါ်တင်မယ့်လို့
ခင်ဗျားမပြောဘူးလေဗျာ...."

"ငါ...ဖျားလ်ို့မသေဘဲ....
ဒေါသထွက်ပြီး သေတော့မယ်!!!!"

"ပြောင်းပေးမယ်...ပြောင်းပေးမယ်....
စိတ်တော့လည်းရှည်မှာပေါ့
ကျတော် ဘယ်သူ့ကိုမှပြုစုဖူးတာမဟုတ်ဘူး
ကျတော်နားမလည်လို့ပါ....အော်နေတာပဲ....!!"

မောင်Where stories live. Discover now