ယူရှောင်မို့ပါးပြင်နှစ်ဖက် ဖျန်းကနဲ ရဲတက်သွားလေသည် ။

လင်းရှောင်မှ စကားဆက်သည် ။

" ဆက်ပြီးတွန့်ဆုတ်နေရင် အခွင့်အရေးတွေ လွတ်ကုန်မှာနော်.. "

ထိုသို့ပြောပြီး ချက်ချင်း ယူရှောင်မိုအား အောက်သို့ဆွဲချကာ ၎င်းအပေါ်သို့တက်ခွ၍ ကျယ်ပြန့်တောင့်တင်းသော ခန္ဓာကိုယ်ဖြင့် အုပ်မိုးကြည့်လိုက်သည်၊ ခေတ္တကြောင်ကြည့်နေပြီးသောအခါမှ ယူရှောင်မို လင်းရှောင်အား အလျင်အမြန် ပြန်တွန်းထုတ်လေသည် ။

" ခဏလေးနေပါဦး! ကျွန်တော်.. ကျွန်တော်လုပ်နိုင်ပါတယ်၊ ကျွန်တော်ပဲဆက်လုပ်မယ် "

လုပ်နိုင်မလုပ်နိုင် မသေချာသော်လည်း အခွင့်အရေးရတုန်း စမ်းကြည့်ချင်သည်၊ အကယ်၍ မလုပ်နိုင်ခဲ့လျှင်လည်း သူ့အတွက် အရှုံးမရှိ ။

လင်းရှောင် ယူရှောင်မို၏ဆန္ဒအား ဦးစားပေးလိုက်သည် ။

" အဲဒါဆိုလည်း မြန်မြန်လုပ် "

ထိုအခါ ယူရှောင်မို့လက်များသည် လင်းရှောင်အကျီထံသို့ အတုန်တုန်အယင်ယင်ဖြင့် ချဉ်းကပ်သွားကြသည်၊ ပုံမှန်ဆိုလျှင် သူ လင်းရှောင်အဝတ်များအား လွယ်လွယ်ကူကူ ဆွဲချွတ်ပစ်လိုက်နိုင်သော်လည်း ယခုတော့ဖြင့် အကြောဆိုင်းနေသလိုဖြစ်နေကာ အပေါ်လွှာတစ်ထပ်ကိုပင် ဆွဲမချွတ်နိုင်ပဲဖြစ်နေလေ၏ ။

" ဒီလောက်တုန်နေမှတော့ မကြာခင်နေထွက်လာတော့မှာပဲ.. "

" ကျွန်.. ကျွန်တော် နည်းနည်းစိတ်လှုပ်ရှားနေလို့ပါ! ခဏလောက်တော့အချိန်ယူပါရစေဦး.. "

သူသည်ယခင်ဘဝက အလွန်ရိုးရှင်းသောလူတစ်ယောက်ဖြစ်ခဲ့ကာ ရုတ်တရက် ဂေးဖြစ်လာခဲ့ပြီး ယခု အလွန်ယောက်ျားဆန်သော လင်းရှောင်အား ဦးဆောင်ရမည်ဆိုသောအခါ ယုံကြည်ချက်အနည်းငယ် ပျောက်ဆုံးလျက်ရှိပေသည်၊ စိတ်ကူးနှင့်လက်တွေ့ဘဝ ကွာခြားလွန်းမက ကွာခြားလွန်းပေ၏ ။

လင်းရှောင် ယူရှောင်မို ဖြစ်ပျက်နေသည်များအား ကြည့်ကာ ပြုံးလိုက်မိသည် ။

" ယူလေးကြည့်ရတာ အခွင့်အရေးရှိတာတောင်မှ အဲဒီနေရာက မစွမ်းဆောင်နိုင်တဲ့ပုံပဲ "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now