စာလုံး အလွယ်လေးတွေပဲ ချရေးခိုင်းတာတောင် အမှားများသည်ဆိုတော့ အခက်အခဲ တစ်ခုခုများ ရှိနေသည်လား။ ငုံ့နေသော ခေါင်းလေးကို မေးဖျားမှ
ကိုင်ကာ မော့စေတော့ မျက်ရည်တွေ ဝဲနေသည့် မျက်ဝန်ငယ်လေးကို တွေ့လိုက်ရသည်။

"သည်းငယ် ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော"

ပူတာအိုသို့ စရောက်ကတည်းက အမြဲ ပြုံးရွှင်နေသည့် ကောင်လေးမို့ ယခုလို့ မျက်ရည်စများဖြင့် မြင်လိုက်ရခြင်းသည် မိုင်စိုင်း၏ ရင်ကို ပူလောင်သွားစေသည်။

"ဒီနေ့ စာမကျက်ထားဘူး။ ကိုကို စိတ်မဆိုးပါနဲ့ "

"ကိုယ် စိတ်ဆိုးမှာကြောက်လို့ အခုလို ငိုမလို့ လုပ်နေတာလား ကိုယ့်ကောင်လေးက"

ထိုသို့ပြောတော့ ခေါင်လေး ငုံ့သွားရှာသည်။
ထို့နောက် မျက်ဝန်းထောင့်ရှိ မျက်ရည်များကို သုတ်၍ ပြောလာသည့် လေသံဖျော့ဖျော့လေး။

"မငိုပါဘူး"

မျက်ရည်တွေကို အတင်းသုတ်ရင်း မငိုပါဘူးဟူ၍ ငြင်းလာသော ကောင်လေးကြောင့် မိုင်စိုင်းခမျာ ရယ်ရခက် ငိုရခက်နှင့်။

"သည်းငယ် မငိုဘူးဆိုတော့ မျက်ရည်တွေက
မျက်လုံးထဲကနေ သူတို့ ဘာသာ ခုန်ဆင်းလာကြတာ ဖြစ်ရမယ်"

မိုင်စိုင်း၏ စကားကြောင့် ဂွမ်းလုံးလေးသည် မျက်လုံးလေးတွေ မှိတ်သွားသည် အထိ ပြုံးသွား၏။

"ကိုယ့်ကောင်လေး စာမကျက်ထားတာနဲ့ ကိုယ်က စိတ်ဆိုးစရာလား။ သည်းငယ်လေးကို ချစ်လို့တောင် မဝတာကို။ ကိုယ့်ရင်ခွင်ထဲ လာပါအုံး"

လက်မောင်နှစ်ဖက်ကို ဆန့်တန်းကာ ကြိုဆိုတော့ ပေါင်ပေါ်သို့ စွေ့ခနဲ လာထိုင်ကာ ရင်ခွင်ထဲသို့ ခေါင်းလေး မှီချလာသည့် ဂွမ်းလုံးလေး။ မိမိပွေ့ဖက်ဟု ကြံလိုက်တိုင်း အမြဲလွတ်အောင် ပြေးတတ်သည့် ကောင်လေးသည် ယခုတော့လည်း ရင်ခွင်ထဲသို့ အသာတကြည်လေး ဝင်ရောက်လာသည့် အတွက် မိုင်စိုင်း၏ ရင်ထဲ၌ နွေးထွေး ကြည့်နူးမှု အပြည့်။ မိုင်စိုင်းနည်းတူ ခေါင်လွမ်း၏
နှလုံးသားလေးသည်လည်း စိတ်လူပ်ရှားမှုကြောင့် တသိမ့်သိမ့် လှုပ်ရှားနေရသည်။ နားဖျားနှင့် နီးကပ်နေသည့် ရင်ဘတ်ကြီးထံမှ တဒိတ်ဒိတ် နှလုံးခုန်သံကို ကြားလိုက်ရချိန် နှုတ်ခမ်းလေး ကွေးတက်သွားသည် အထိ ခေါင်လွမ်း ပြုံးမိသွားသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now