^Second Face^ Part-15

Start from the beginning
                                        

အချိန်ကာလာနည်းသည့်အတွက် အသားအမြန်တက်ဖို့ဆေးတွေ သောက်ခဲ့ရတယ် လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ခဲ့ရတယ် Kai ရော Hun ရော လူရောစိတ်ပါပင်ပန်းခဲ့တယ်

အဓိကကတော့ Luhan က အေးဆေးသမားမို့ Sehun အပူမီးတွေမျိုချထားရတယ်

Sehun တစ်ချက်မဲ့လိုက်တယ် မှန်ရှေ့မှာတော်တော်ကြာကြာ ရပ်မိနေလို့ ခြေထောက်တွေတောင် တောင့်နေပြီလေ ခေါင်းထဲကရှိသမျှတွေ ရှင်းထုတ်ပြီး အိပ်ရာပေါ်လှဲလိုက်ပေမယ့် သူစိုးရိမ်စရာတစ်ခုက

ကျန်နေသေးတယ်

အသံ သူ့အသံက Luhan နဲ့ နည်းနည်းကွဲနေသေးတယ် အတတ်နိုင်ဆုံးကြိုးစားပြောပေမယ့် Sulli က အသံတစ်မျိုးဖြစ်နေမှန်း ရိပ်မိခဲ့တယ် သိပ်ကိုပါးနပ်တဲ့ မိန်းကလေးပဲလို့ Sehun တွေးမိတယ်

Sehun ထင်နေတာက Sulli ကကိုယ့်ယောကျာ်းပြန်တာကို ဖက်ပြီးနှုတ်ဆက်မယ် ဒါမှမဟုတ် နမ်းရင်နမ်းမယ် ကြင်နာတဲ့ပုံစံ တစ်ခုခုလုပ်မယ်ပေါ့ စိတ်ပူပြီးစိုးရိမ်နေတဲ့ ပုံစံကလွဲလို့ Sulli က ငြိမ်သက်လွန်းတယ်

Sehun အတွက်တော့ ထူးခြားနေတယ် Sulli ကိုတော့နားမလည်နိုင် ပြီးတော့ ညအချိန် chingu နဲ့ ချိန်းထားတယ်ဆိုပြီး ထွက်လာတာလည်း ခေါင်းတစ်ချက်ငြိမ့်ပြီး သွားပါလို့ အေးဆေးပြောတယ် Luhan နဲ့ ဒီလိုပဲနေခဲ့တာလားပေါ့

နောက်တစ်ခုက အိပ်ခန်းနှစ်ခုနဲ့ အိပ်ခန်းတစ်ခုစီမှာ ကုတင်တစ်လုံးစီ

Sehun က အခန်းမသိတော့ ရမ်းဝင်လိုက်တာ Sulli အခန်းဖြစ်နေခဲ့တယ် နောက်မှမျက်နှာချင်းဆိုင်က Luhan အခန်း ....

Sehun အတွက် အချိန်တိုလေးအတွင်း မှာပဲ စဉ်းစားစရာတွေ အများကြီးပေါ် လာခဲ့တယ် Luhan နဲ့ Sulli ရဲ့ ဆက်ဆံရေးက ???

မနက်မိုးလင်းတော့ Sehun Hotel ကနေအိမ်ကိုပြန်ခဲ့တယ်

ညကယူလာခဲ့တဲ့ Luhan ကားပေါ်တက်မောင်းရင်း ဒီကားကိုမသုံးချင်ပေမယ့် သုံးရမှာပဲလေ

ဒါဆို ကိုယ်သွားတော့မယ်

Nae... ဒါနဲ့ ကားသော့ရော ကားသော့ပါပြီလား

အန် သြော် အင်း ဟုတ်သားပဲ ကားသော့

အဲ့လောက်တွေ့ချင်နေလာ့း် Kris က မထွက်ပြေးပါဘူး

^Second Face^ ( Completed ) Where stories live. Discover now