maja အဲ့ဒီ့မကောင်းဆိုးဝါးကြီးကြောင့်
Kai သိလိုက်ပြီ Hun ရဲ့စိတ်တွေလုံးဝ ထိန်းမရနိုင်လောက်တော့ နာကျင်မှုက နည်းနည်းမှမဟုတ်တာ မိဘ ချစ်သူ နဲ့ စီးပွားရေး နောက်ဆုံး သူ့အသက်တောင် Kai ခေါင်းကိုခါရမ်း လိုက်တယ် Kai တောင်မမြင်ဖူး မသိတဲ့သူတွေကို Hun အတွက် မုန်းပြီးဒေါသတွေထွက်နေမိတယ်
မင်း ဘာဆက်လုပ်ချင်လဲ Hun...
ငါလုပ်ချင်တာကို ငါပြောပြီးသွားပြီလေ မလုပ်သင့်မှန်းသိပေမယ့် လုပ်ကိုလုပ်ရမယ်
ကောင်းပြီ Hun ငါ့ကိုစဉ်းစားချိန် နည်းနည်းပေးပါ ငါကိုယ်တိုင်မင်းကို ဒီလိုလုပ်ပေးဖို့ ခဲယဉ်းနေတယ်
Ok!! Kai..
နောက်တစ်ခုထပ်မေးမယ် Luhan ကသူယူလိုက်တဲ့ မိန်းမကို ချစ်လို့ယူတာလား မသက်သာလို့ယူတာလား
အဲ့ဒါတော့ငါမသိဘူး စိတ်လည်းမဝင်စားဘူး
မသိလို့မရဘူးလေ သူလည်းမင်းကို ချစ်ရင်ချစ်
တော်တော့ Kai.... တော်ပါတော့
ဟင်းးး ငါမပြောတော့ပါဘူး သွားအိပ်တော့လေ Hun
Kai... သူ့စိတ်ထဲမှာဘယ်လိုရှိမှန်း ငါမသိပေမယ့် သေချာတာကတော့ သူငါ့ဆီကနေ အကြောင်းပြချက်မျိုးစုံ နဲ့ထွက်သွားခဲ့တာပဲ ငါကသာ ရူးသွပ်ခဲ့တာဖြစ်မယ် သူကစထွက်သွားတာဖြစ်လို့ သူစမှားတယ်
Hun ပြောပြီးအိပ်ခန်းထဲဝင်သွားတယ် Kai အိမ်မှာဧည့်သည်အတွက် အိပ်ခန်းတစ်ခန်းရှိသေးတယ်လေ Kai ကတော့မအိက်ပျော်နိုင် Hun ရဲ့အပူတွေ သူ့ဆီရောက်သွားတယ် ဆိုပါတော့
နှစ်ရက်ကြာသော်...,
Yebowsayaw.. ဟေ့ကောင် Kai မင်းစဉ်းစားတာကြာလှချည်လား မင်းအဲ့လိုလုပ်နေရင် တစ်ခြားဆရာဝန်နဲ့ တိုင်ပင်
အခုငါ့ဆီလာခဲ့ ငါဆုံးဖြတ်ပြီးသွားပြီ Hun ပြီးတော့ လိုအပ်တာတွေပြင်ဆင်ခဲ့ မင်းဖြစ်စေချင်သလို ငါလုပ်ပေးမယ်
ဟား ဟားး ဒါမှ ငါ့ Kai ကွ
Sehun နဲ့ Kai တို့ တစ်လနီးပါး ပြင်ဆင်ခဲ့ကြတယ် အစထဲက ရုပ်ကဆင်တင်တင်မို့ သိပ်တော့မခက်ခဲ ဒါပေမယ့် အမူအရာ အပြောအဆိုတွေ ကအစ အကုန်တူအောင် လေ့ကျင့်ခဲ့ရတယ် အလေးချိန်လည်း လျှော့ချခဲ့ရတယ် Luhan က ညှပ်တာကိုး
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-15
Start from the beginning
