အဲ့တာကြောင့် ဆောနူ ရှင်မ်းဂျယ်ယွန်း ဘေးမှာ ရှိနေတဲ့ အချိန်တိုင်း နီခီ လည်းနီးတူ ရှိနေသည်။ အင်းး..... ပြောရရင် အချိန်တိုင်း နီးနီးဘဲ။

အဲ့တစ်ချိန် အဲ့တစ်ချိန်ဘဲ ဆောနူရဲ့ အလှဆုံး အပြုံးလေးတွေကို မြင်‌ခွင့်ရတာ

တစ်ခါတစ်လေ ရှင်မ်းဂျယ်ယွန်းကို မနာလို ဖြစ်မိသည်။ ဆောနူရဲ့ အပြုံးလေးတွေကို ရလို့လေ။

* ဆောနူရယ် ဆောနူကို ချစ်တဲ့ ကျွန်တော့်ကိုဘဲ ချစ်ပေးလို့မရဘူးလား ပြုံးပြပေးလို့ မရဘူးလား *

ပါးပြင်ပေါ် စီးကျလာသည့် မျက်ရည်တွေနဲ့ အတူ ဆောနူရဲ့ ခေါင်းလူံးလူံးလေးကို နှုတ်ခမ်း ပါးလေးနဲ့ အနမ်း ချွေမိသည်။

လှုပ်ရှားလာသည့် ဆောနူကြောင့် ခေါင်းကို ပြန်မက်လိုက်သည်။

" နီခီ ငါ့ကို အိမ်ပြန်ပို့ပေးတော့ မနက်တောင် ရောက်နေပြီ အကို စိတ်ပူနေတော့မှာဘဲ "

* ပါလာပြန်ပြီ အဲ့လူအကြောင်း ကျွန်တော် နဲ့ ရှိနေတဲ့ အချိန် မှာ အဲ့လူ အကြောင်း မ‌ပြောပါနဲ့ ဆောနူရယ် ရင်ဘတ်တွေ အောင့်လွန်းလို့ပါ *

လျှမ်ကျ လာတော့မယ့် မျက်ရည်တွေကို တားဆီးသည့် အနေနဲ့ ခေါင်းကို မော့ကာ နေလိုက်တော့သည်။

" ဘာဖြစ်လို့လဲ "

" ဘာမှ မဖြစ်ဘူး အိမ်ပြန်မှာ မှတ်လား လိုက်ပို့ပေးမယ် "




















____________________

______________

ည ကတည်းက ထွက်သွားသည့် ဆောနူကို ထိုင်စောင့်နေတာ ညလုံးပေါက်ဘဲ မနက်တောင် ရောက်နေပြီဆိုတော့ အိပ်ခန်းဆီ ပြန်ပြီး အိပ်မယ် အလုပ် အိမ်ရှေ့က ကားရပ်သံကြောင်း အပြေးထွက်ကြည့်လိုက်တော့ မနေ့ညက ဆောနူကို ‌ခေါ်သွားတဲ့ သူ နဲ့ ဆောနူ

" အကို ကျွန်တော်ကို စောင့်နေတာလား "

ကားပေါ်က ဆင်းဆင်းချင်း သူ့ကို မြင်တော့ အရမ်းပျော်သွားသည့် ပုံဖြင့် ပြောလာသည်။

" အင်း စောင့်နေဝာာ ဆောနူ အိမ်ထဲ ဝင်နှစ်အုန်ူး အကို လိုက်ခဲ့မယ် "

Love is you | DOUBLE JWhere stories live. Discover now