သိမ်းပိုက်ထားတာ ဆောနူ ဆိုပေမယ့် သူနဲ့ လက်ထပ်ပြီးထဲက ဆောနူ ပျော်ရွင်ချင်းမရှိခဲ့။ အမြဲ သူပေးတဲ့ ဒဏ်ရာတွေနဲ့ဘဲ အချိန်တိုင်း ဝမ်းနည်းနေတာကိုလည်း သိသည်။ အားနာ မိသည် ဆောနူကို ။

အပြင်ပန်းမှာ ကြံခိုင်တယ်လို့ ထင်ရတဲပ ဆောနူက သူနဲ့ တွေ့ရင် အစစအရာရာ နူးညံ့ပြီး အားနည်းသွားတက်သည်။ ထို့ကြောင့်လည်း ဂျယ်ယွန်း ပြုသမျှ လုပ်သမျှကို ခံနေရတာ ဖြစ်သည်။















အ‌ဒေါ်ကြီး ပြောသည့် စကားကို လျစ်လျူရှုပြီး အပေါ်ထပ်တက်မယ်အလုပ်

" သခင်လေးရှင်း မတက်သွားရင် ကောင်းမယ် ထင်တယ် "

" ဘာဖြစ်လို့ မကောင်းရမှာလဲ ကိုယ်နြဲ လက်ထပ်ထားတဲ့ သူရဲ့အခန်းထဲကို သွားမှာဘဲ "

အဒေါ်ကြီး လှမ်းတားတာတောင် လက်မခံဘဲ ဆောနူရှိရာ အခန်းဆီသို့ ထွက်လာခဲ့သည်။

အိမ်ပြန်ခါ‌နီး ဆောနူ ကြိုက်တဲ့ Mint Choco ရေခဲမုန့်လေး ဝယ်လာဖြစ်တာကြောင့် သွားဖို့ ဖို့ လုပ်သည် ။

အခန်းရှေ့ရောက်တော့ အခန်းထဲက ထွက်ပေါ်လာသည့် အသံတစ်ခုကြောင့် တံခါးကို ဖွင့်မယ့် လက်တွေက ရပ်တန့်သွားခဲ့သည်။

အသံက မသည်းကွဲဝာာကြောင့် အခန်းတံခါးနားကို ကပ်ပြီး နားထောင်ကြည့်တော့

* ရှုိက်ရှိုက်ပြီး ငိုနေတဲ့ အသံ *

မဟုတ်မှ လွဲရော် ဒီကလေး သူအိမ်က ထွက်သွားထဲက အခု ချိန်ထိ ငိုနေခဲ့တာလား။

စိတ်ပူပူ နဲ့ အခန်းတံခါး ဖွင့်လိုက်တော့ ခုတင်အောက်မှ ဒူးခေါင်းနှစ်ခုကို ပိုက်ကာ ခေါင်းစိုက်ပြီး ငိုနေသည့် ဆောနူကို တွေ့တော့ အရင်ကထက် ပိုပြီး ရင်ထဲနာကျင်မိသည်။

ခြေသံမကြားအောင် တိတ်တိတ်လေး အနားတိုးလာပြီး ဘေးနားကို ဝင်ထိုင်လိုက်တော့ ပါးပြင်ပေါ် စီးကျနေတဲ့ မျက်ရည်တွေကို မြန်မြန်သုတ်ပြီး မျက်လုံးတွေ မှိတ်တဲ့ အထိ ပြန်ပြုံးပြလာသည်။

ဆောနူကို မချစ်ဘူးဆိုပေမယ့် ဆောနူရဲ့ အပြုံးလေးတွေကို ချစ်မိနေတာ အမှန်။

Love is you | DOUBLE JWhere stories live. Discover now