𝑆𝑝𝑒𝑐𝑖𝑎𝑙 - 2

1.4K 94 13
                                    

Unicode

တစ်အိမ်လုံးအနှံ့ရော ၊ တစ်ခြံလုံးကိုရော ရှာပြီးသည့်တိုင် အသည်းညှာကို လုံးဝမတွေ့ပေ။
ခန့်ရွှေစည် စိတ်တွေမတည်ငြိမ်နိုင်တော့။
အသည်းညှာကို စိုးရိမ် စိတ်ပူရလွန်းလို့ ခန့်ရွှေစည် ဘောင်းဘီအိတ်ထဲ ထည့်ထားသော ဖုန်းကို ထုတ်လိုက်ရင်း အသည်းညှာဆီ ဖုန်းခေါ်လိုက်သည်။

ပထမတစ်ခါခေါ်တော့ ဖုန်းဝင်နေပြီး လာကိုင်မည့်သူမရှိ။ ဒုတိယအကြိမ်ထပ်ခေါ်လိုက်တော့
ဖုန်းကိုင်လာသည်က ခန့်ရွှေစည်၏ အသည်းညှာ။

" ဟယ်လို..... ဟျောင့် တတိုင်း အနောက်မှာ....."

ဟင်...... ဖုန်းထဲက ကြားလိုက်ရသော အသံတွေကြောင့် ခန့်ရွှေစည် လက်တွေပင်တုန်လာရသည်။
ဘာတွေဖြစ်နေတာလဲ အသည်းညှာရယ်........။

" ဟယ် ဟယ်လို အသည်းညှာ ဘယ်ရောက်နေတာလဲကွာ ကိုယ် အိမ်ပြန်ရောက်တော့ အသည်းညှာကို မတွေ့လို့အရမ်းစိတ်ပူသွားတာပဲ အခုဘယ်မှာလည်း အသည်းညှာရယ် "

ခန့်ရွှေစည် စိတ်ပူစွာ အသည်းညှာကို မေးလိုက်မိတော့

' ကဲကွာ....ဖြောင်း '

' ဒုတ်.......'

ဟင်..... ဘာသံတွေလည်း ခန့်ရွှေစည် ကြားနေရတာတွေက။

" ရော့ကွာ........ ဟယ်လို ဂိုးလ်..."

" အင်း ပြော အသည်းညှာ ကိုယ် နားထောင်နေတယ်"

" ယောကျာ်း ခဏနေရင် ဖုန်းဆက်လိမ့်မယ်သိလား"

ဟင်..... ခဏနေရင်ဆိုတော့ အခုကရော ။

" အသည်းညှာ ပြန်ဆက်မလို့လား "

ခန့်ရွှေစည် သိချင်တာမို့မေးလိုက်တော့

" မဟုတ်ဖူး ရဲစခန်းက ဟီး......"

ဟင်.......... လို့တောင် စိတ်ထဲ မပြောနိုင်တော့ပါလား အသည်းညှာရယ်။
ခန့်ရွှေစည် ပြန်ပြောချိန်တောင် မရလိုက်ပါ။
အသည်းညှာ၏ ဖုန်းက ချသွားချေပြီ။

အသည်းညှာကပြောတယ် စောင့်နေတဲ့။ ခန့်ရွှေစည်လည်း ဘယ်လိုက်လို့ လိုက်ရမလဲ မသိသည်မို့ အသည်းညှာပြောသလို ဖုန်းကြီးကိုင်ပြီး စောင့်နေရသည်။ မကြာလိုက်ပါ ဖုန်းခေါ်လာသည်မို့
ဝမ်းသာအားရ ကိုင်လိုက်သည်...။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now