"ငါကြိုးစားမှာပါ သူငါ့ကိုလက်ခံနိုင်လာအောင် ပီးတော့ငါချစ်တာသူ့ရုပ်ရည်ကိုမဟုတ်ဘူး ငါကသူဖြစ်နေလို့ကိုချစ်တာ "

ဂျန်းကု ယွန်းဂီကိုကြည့်ရင်းအသာအယာပြုံးလိုက်သည်... အချစ်ကိုအချစ်နဲ့အနိုင်ယူနိုင်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါသည်...
.
.
.
.
.
.
.
"ကယ်ပေးပါ... ငါ့ကိုကယ်ပေးပါ... ဂျွန်း"

အကိုဟိုဆော့ရဲ့အသံရေးရေးလေးကြောင့် ယူရာအကိုဟိုဆော့ကိုအံ့ဩတကြီးကြည့်လိုက်မိသည်...

"အကိုဟိုဆော့... အကိုဟိုဆော့သတိရလာပီလားဟင် အကိုဟိုဆော့"

မကြာခင်ပင် ဟိုဆော့ရဲ့မျက်၀န်းတွေဖြည်းဖြည်းချင်း ပွင့်လာလေသည်...

"ယူ ~ရာ"

"အကို ဟုတ်ပါတယ် ညီမလေးယူရာပါ..."

ယူရာ ရှိုက်ကြီးတငင်ငိုမိသည်... အကိုကတော့အရင်ကအတိုင်းသူ့ရဲ့မျက်ရည်တွေကို ဖြေးဖြေးခြင်းသုတ်ပေးနေလေသည်... ဒါပေမဲ့ခနအကြာမှာအကို့မျက်၀န်းထဲမှာစိုးရိမ်မှုတွေပြည့်တက်လာလေသည်..

"ကလေး ကလေးရောဟင် ယူရာ... ကလေးဘာမှမဖြစ်ဘူးမလား"

အကိုဟာပြားချပ်နေတဲ့ဗိုက်ကိုကိုင်ကာ မျက်ရည်တွေကျရင်းမေးလာလေသည်...

"ယူရာ အကို့မေးတာဖြေပါဦး..!"

"ကလေး ကလေးက....."

အခန်းတခုလုံးတိတ်ဆိတ်သွားပီး အပ်ကျသံပင်မကြားရတော့ချေ....
.
.
.
.
.
.
.
To be continued.....
.................................................................
Zawgyi

"Bossရဲ့ကားအရှေ့ပိုင်းပြင်ခိုင်းထားတာရပါပီ"

နမ်ဂျွန်း ထိုသူ့ကိုလက်ကာပြလိုက်သည်... ထိုနောက်ကလက်ထဲကကားသော့ကိုသာ တသတ်မတ်တည်းစိုက်ကြည့်နေတော့သည်... သူ့ရဲ့မျက်ဝန်းထဲမှာ ၀မ်းနည်းမှုနာကျင်မှုတွေပြည့်နေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ...

"ငါတောင်းပန်ပါတယ် တကယ်ကိုတောင်းပန်ပါတယ်"

သူ့ရဲ့ရင်ထဲကတောင်းပန်စကညးတွေဟာ မည်သူ့ကိုရည်ညွှန်းမှန်းသူကလွဲ၍မည်သူသိနိုင်မည်နည်း...
တဖက်မှာလဲ ရုံးခန်းတံခါးဝမှာရပ်နေတဲ့ဂျီမင်ဟာ အတွေးတွေထဲမေးခွန်းတချို့ရောက်ရှိလာခဲ့တယ်... ပုံမှန်မည်သည့်အရာကိုမဆိုမိမိက်ုလုပ်ခိုင်းသည့်ထိုသူက တခြားတယောက်ကိုကားပြင်ဖို့အပ်ခိုင်းတယ်တဲ့လား... ပီးတော့အသစ်အတိုင်းရှိသေးတဲ့ ကားအသစ်ကိုဘာလို့ချက်ချင်းပြင်ရတာလဲ... ပီးတော့ဟိုဆော့ပျောက်နေတာကို သူကဘာလို့စိတ်ပူပုံမပြရတာလဲ...

Only you (Complete)Where stories live. Discover now