ဂျန်းကုခေါင်းခါပြလိုက်သည်..

"မင်းလဲ မင်းရဲ့အချစ်ရေးကိုလက်မလျော့သင့်ဘူး"

"ကျွန်တော်သူ့ကိုမထိခိုက်စေချင်ဘူး ကျွန်တော်နဲ့အဝေးဆုံးမှာရှိနေတာက သူ့အတွက်အန္တရာအကင်း‌ဆံုးဖြစ်မှာပါ"

ယွန်းဂီ ဂျန်းကုကိုကြည့်ရင်းသက်ပြင်းအသာချလိုက်သည်.. ဒီကောင်လေး ဆော့ဂျင်ကိုချစ်နေတာသေချာသည်... ဆော့ဂျင်ကလည်းဒီကောင်လေးကိုအရမ်းချစ်သည်.. ဒါပေမဲ့သူတို့အချစ်ရေးဟာတွေးလေရင်မောရလေပင်..

"ဂျန်းဟိုဆော့ပျောက်သွားတာမင်းသိပီးပီလား"

ဂျန်းကု အင်မတန်ပင်အံ့ဩသွားသည်.. အခုရက်ပိုင်းထယ်ယောင်းကိုကြည့်ရ‌သလောက် သူနဲ့ဟိုဆော့မပြေလည်မှန်းသိသော်လည်း အခုလိုဖြစ်မယ်မထင်ထားပေ.. အထူးသဖြင့် ဂျန်းဟိုဆော့ပျောက်သွားရင် သူ့ရဲ့သူငယ်ချင်းထယ်ယောင်းကဒီအတိုင်းငြိမ်နေမှာတဲ့လား တခုခုတော့မှားနေလေပီ...

"ကမ်နမ်ဂျွန်းဘက်ကလည်းလှုပ်ရှားမှုမရှိသေးဘူး ဒီကိစ္စကပုံမှန်မဟုတ်သလိုခံစားရတယ် ငါအခုဂျန်းဟိုဆော့ကိုရှာနေတယ်"

"ဘာလဲ ပတ်ဂျီမင်အကူအညီတောင်းထားတာလား"

ယွန်းဂီခေါင်းကိုအသာငြိမ့်ပြလိုက်သည်...

"အကူအညီလိုရင်ပြောပါ ကျွန်တော်လည်းကူရှာပေးမယ် ဒီကိစ္စကနေဘလိုလျှို့ဝှက်ချက်တွေ ထွက်လာမလဲမသိနိုင်ဘူးလေ.. ဒါပေမဲ့မင်ယွန်းဂီ ခင်များကိုကျွန်တော်တခုလောက်တော့အကြံပေးချင်တယ်.. ခင်များချစ်တယ်ဆိုတဲ့ပတ်ဂျီမင်က ကမ်နမ်ဂျွန်းဆိုတဲ့သူအတွက် သူ့ရဲ့မျက်နှာ ရုပ်ရည်သွင်ပြင်တွေကိုပါအလဲအထပ်လုပ်ခဲ့တယ်.. အဲ့လိုသူယောက်ကခင်များကိုအလွယ်တကူ လက်ခံလာမှာတော့မဟုတ်နိုင်ဘူး... ပီးတော့ခင်များကသူ့ကိုဘလောက်ထိချစ်နိုင်လဲ.. တခြားသူရဲ့ဘ၀ကိုယူထားရတဲ့သူ့ကိုဘလောက်ထိချစ်နိုင်လဲ.. အကယ်၍ခင်များသာသူ့ရုပ်ရည်ကိုသဘောကျတာဆိုရင် ခင်များကသု့ကိုချစ်နေတာမဟုတ်ပဲ ဆုံးသွားပီဖြစ်တဲ့ကျွန်တော့သူငယ်ချင်းကမ်ဟယ်ဆူ့ ရုပ်ရည်ကို သဘောကျနေတာပဲ... ခင်များကသူ့ရဲ့မူလရုပ်ရည်ကျုလက်ခံနိုင်ပါ့မလား.. အကယ်၍ခင်များမလုပ်နိုင်ဘူးဆိုရင် အစကတည်းကမစရင်ကောင်းမယ်..."

Only you (Complete)Where stories live. Discover now