💔16💔(Part1)

Start from the beginning
                                    

ရင်ထဲလှိုင်းထန်နေသည်....။

"ဒီလိုနေ့မျိုးက စကားလုပ်ပီးတော့ကို
ငါပြောနေစရာမလိုဘူး...ငါသွားခါနီးမှ
အပြေးအလွှားလုပ်နေကြတာ
ငါ့အမေအပေါ် စော်ကားတာပဲ....
နင်တို့အကုန်အလုပ်ထွက်!!!!!"

Jeonဟာ ဒီနေ့မျိုးဆို အုပ်ဂူကိုသွားကာ
ဂါဝရပြုလေ့ရှိတယ်...။စားစရာတချို့
ပန်းတချို့ယူသွားပြီး နာရီပိုင်းလောက်နေပေးတတ်သည်။
အထိအခိုက်လုံးဝမခံသောစိတ်အခြေအနေနဲ့
ဝရံတာတွင်လွမ်းပြီးနောက် အုပ်ဂူဘက်သို့
သွားရန် အဆင်သင့်ဖြစ်ပီဟုထင်ခဲ့ပေမယ့်
အလုပ်သမားတွေသည် မေမေ့လက်ထပ်တုန်းကလို
အချိုးတွေမပြေကြတော့...။

"အဒေါ်ကြီး ဒီအိမ်မှာနေနေတာ
ကျတော့်တစ်သက်ပဲ အိမ်တော်ထိန်းကြီးရော
ဘာလဲ...သေသွားပီပဲ သိပ်လည်းဂရုစိုက်စရာ
မလိုတော့ဘူးလို့ထင်နေတာလား
မေမေက ဒီအိမ်တော်မှာ ဘယ်တော့မှမသေဘူးနော်
ခေါင်းထဲကိုထည့်ထားကြ ..."

"စီစဉ်ထားပီးသလောက်ရှိပါပီ
ဒါပေမယ့် ကလေးမလေးတွေကမသေချာလို့..
ပြန်ပြီး...."

"အကြောင်းပြချက်လာမပေးနဲ့!!!
ပိုက်ဆံတန်ရာတန်ကြေးပေးပြီး ခိုင်းထားတာ
အုပ်ဂူသွားမယ့်ကိစ္စလောက်ကို မသေချာရင်
ရှင်းရှင်းလေးပဲ ထွက်ကြ အကုန်လုံး...."

Jeonဟာ ဝတ်ရုံအနက်ကြီးနဲ့ စားပွဲ၏ခေါင်းရင်း
တွင်ထုံးစံအတိုင်းထိုင်ကာကျယ်လောင်စွာ
အော်ပြောနေခဲ့သည်။ဘာတခုမှမပြင်ဆင်ထားဘဲ
တကိုယ်လုံးအနက်ရောင်မှိုင်းပြနေတဲ့Jeon
ပုံစံဟာ ပေါက်ကွဲထွက်တော့မယ်ဗုံးတလုံးလိုပဲ။

"ငါခိုင်းရင်တော့ ဘယ်နေရာမှအချိုးပြေအောင်
လုပ်ပေးမယ်မရှိဘူး ဘာမဟုတ်တဲ့လူ
ခိုင်းရင်တော့ ပြာယာနေအောင်နင်တို့လုပ်ပေးချင်
ကြတယ်မလား....တော်တော်နှစ်သက်ကျေနပ်နေကြ
တယ်ပေါ့ အဲ့လိုလား...."

နာရီပတ်ရင်းလှေကားတွေအတိုင်းဆင်းလာကာ
မနက်စာဝင်စားဖို့ ထမင်းစားခန်းထဲဝင်မယ်ကြံရွယ်
ချိန်ထွက်လာသောစကားသံ....။

လှမ်းကြည့်လိုက်တော့ လူဆိုးခေါင်းဆောင်၏
ပတ်ပတ်လည်တွင်တအိမ်လုံးကအလုပ်သမား
အားလုံးခေါင်းငုံ့နေကာ ထုံးစံအတိုင်း
သူကွိုင်ရှာနေပြီ...။

မောင်Where stories live. Discover now