𝑆𝑝𝑒𝑐𝑖𝑎𝑙 - 1

1.7K 88 14
                                    

Unicode

" ဂိုးလ်.................. "

" ဗျာ........ လာပြီ အသည်းညှာ "

အခုကတော့ဖြင့် ခမ်းနားလှသော နှစ်ထပ်တိုက်ကြီးအတွင်း ကမ္ဘာပျက်နေခြင်း။
ကုတင်ပေါ်မှ ငုတ်တုတ်ကလေးထိုင်နေသည့် အသည်းညှာသည် အခုထိ မျက်လုံးလေးတွေ ဖွင့်မလာသေး။

" လာပါပြီ အသည်းညှာရယ် နိုးလာပြီလားဗျာ
အသည်းညှာ စားဖို့ နွားနို့ပူပူလေးရယ် ပေါင်မုန့်ထောပတ်သုပ်လေးရယ် ထမင်းကြော်ကိုမှ ဘဲဥလေးနဲ့ ပြင်ထားပြီးပြီ "

အား........ ဂိုးလ် ပြောတာနဲ့တင် ရရ ဗိုက်တွေ မတအား ဆာလာနေပြီ။ ချစ်ဖို့ကောင်းလိုက်တဲ့ ယောကျာ်းကို ဆုချရမည်။

" တော်လိုက်တာ ရရယောကျာ်းက "

" တော်ရင် ဆုမချချင်ဘူးလားဗျာ "

မျက်လုံးမှိတ်ပေးလာသော ချစ်ယောကျာ်းကြီးကြောင့် ရရ ရယ်လိုက်ကာ ဂိုးလ်၏ နှုတ်ခမ်းကို ထိကပ်ပေးလိုက်သည်။ ရရ အခုထိ မျကိနှာမသစ် သွားမတိုက်ရသေးသော်လည်း ဂိုးလ်ကတော့ မရွံ့ပါ။

" ကဲ ထတော့မလားဗျာ "

" အွန့်....... ဗိုက်တွေလည်း ချာနေပြီ "

ေဟာဗျာ...... ခန့်ရွှေစည်၏ အသည်းညှာလေး ချကားတွေ အဲလေ စကားတွေတောင် မပီတော့ဘူး။
သနားစရာ အသည်းညှာလေး......။

အသည်းညှာကို ချီပြီး မျက်နှာသစ်ကာ သွားတိုက်ပေးသည်က ခန့်ရွှေစည်၏ တစ်နေ့မှ မပျက်ကွက်ခဲ့သော ကြည်နူးရမှု့လေး။

ပြောသာပြောရတာ အသည်းညှာက ဒီနောက်ပိုင်း
နဲနဲလေး ဝဝကစ်ကစ် ကလေးဖြစ်လာလေသည်။
ခန့်ရွှေစည် ချီရတာတော့ အရင်ကထပ် နဲနဲလေး
ပိုနင့်လာသည်ပေါ့ဗျာ။ အဲ့တော့လည်း ဘာအရေးတုန်း အသည်းညှာက ပိုပြီးတောင် ချစ်ဖို့ကောင်းလာတာဗျ။

" ဂိုးလ်........... ဒီမှာ ဗိုက်ဆာနေပြီ အခုထိလည်း
အောက်ထပ်ရောက်သေးဝူး ချစ်တော့ဝူးယား "

ဲဲကဲကြည့်....... တစ်ခါတစ်လေ အဲ့လိုတွေ မေးပြီး
သူ့ဟာသူ စိတ်မကောင်းဖြစ်နေပြန်ရော။
(သွေးဆုံးကာနီးလို့ စိတ်ဂယောက်ဂယက် ဖြစ်တာ 🤧😂)

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now