အခန်း(၁၇)

Start from the beginning
                                    

သူ ထိုစကားလုံးအနည်းငယ်ကိုရိုက်ပြီးနောက် သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်သိတာ နှစ်ရက်ပဲရှိသေးတာကို တွေးမိသွားတယ်၊ သူ မေးဖို့သင့်တော်မယ်လို့ မထင်ဘူး။

မမျှော်လင့်ဘဲ ဟော့ရှန်ဟာ ရက်ရက်ရောရောဖြေလာပါတယ်၊
" အလယ်တန်းကျောင်းတုန်းက တစ်နှစ်လောက် ငါကျောင်းမတက်ခဲ့ဘူးလေ၊ အဲ့ဒါကြောင့် ငါက ငါတို့နဲ့ရွယ်တူတွေထက် အသက်ပိုကြီးတယ် "

ချောင်ရှောင်က သူ့ဖုန်းကိုတင်းကျပ်စွာဆုပ်ကိုင်ကာ၊
" ဘာလို့လဲ "

" ငါ ဘာလို့ကျောင်းမတက်တာလဲလား "
ဟော့ရှန်ရဲ့အသံဟာ အလွန်သက်တောင့်သက်သာဖြစ်နေလေတယ်၊
" အင်း...ငါ ငါ့ဘာသာ ဒဏ်ရာနည်းနည်းလောက်ရသွားလို့လေ "

ချောင်ရှောင်က သူ့ရဲ့ ရွှတ်နောက်နောက်လေသံကိုနားထောင်ပြီးနောက် သူ့ရဲ့ကျန်းမာရေးနဲ့မညီညွတ်တဲ့လူနေမှုဘဝကြီးကို တွေးမိတယ်၊ သူ နှုတ်ခမ်းဆူကာ စာရိုက်လိုက်တယ်၊
" ရန်ဖြစ်တာကနေလား "

ဟော့ရှန်က ဝန်ခံလေ၏၊
" မင်း ပြောနိုင်တယ်ပေါ့ "

ချောင်ရှောင်ဟာ အနည်းငယ်အထင်ကြီးမိသွားတယ်၊
" မင်းက အတော်လေးကိုမယုံနိုင်စရာပဲ "

ဟော့ရှန် : " ဒါဆိုငါ့ကို အစ်ကိုလို့ခေါ်ဖို့ မင်းငါ့ကိုယုံနိုင်ပြီလား "

ထူးဆန်းတယ်၊ ချောင်ရှောင်က အဲ့ဒါကိုပြောပြဖို့ အလွန်ကိုဘူးခံနေခဲ့ပြီးပြီ၊ သို့သော်လည်း အခုတော့ ၎င်းနှင့်ပတ်သတ်ပြီးပြောပြဖို့က သိပ်မခက်ခဲတော့တာကို သူ တွေ့ရှိလိုက်ရတယ်။

ချောင်ရှောင်က စာရိုက်တယ်၊
" ငါလည်း ၁၇ နှစ်ရှိပြီ၊ ငါ့မွေးနေ့ကလည်း နှစ်ရဲ့ပထမတစ်ဝက်ထဲမှာပဲ "

အခုတစ်ခါ အံ့ဩရမှာ‌က ဟော့ရှန်အလှည့်ပါပဲ၊
" မနောက်စမ်းနဲ့ "

ချောင်ရှောင် : " ယုံတာ မယုံတာက မင်းအပိုင်းလေ "

ဟော့ရှန် : " မင်းမှတ်ပုံတင်ကတ်ရဲ့ ပုံကို ပို့လိုက် "

ချောင်ရှောင်ဟာ ခိုင်ခိုင်မာမာစာရိုက်တယ်၊
" မရဘူး! "

ဟော့ရှန်ရဲ့အသံက မယုံကြည်နိုင်ခြင်းအပြည့်ဖြင့်၊
" မင်းက တကယ်ပဲ ငါနဲ့ရွယ်တူလား "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now