အပိုင်း(၇)

Start from the beginning
                                    

မျက်လုံးမှိတ်ထားလျက်နဲ့မျက်မှောင်ကျုံ့မိတော့သူ့မျက်ခုံးတွေကိုလာဖြေလျော့ပေးတဲ့လက်တွေ.....ပက်လက်အိပ်နေလျက်ပင်မျက်လုံးဖွင့်ကာခေါင်းလှည့်ကြည့်မိတော့ အိပ်ယာနိုးခါစဆံပင်တွေနဲ့အတူ မပွင့်တပွင့်မျက်လုံးတွေနဲ့သူ့ကိုပြုံးပြနေတဲ့မောင်.......။

"ဘာတွေမကျေမနပ်ဖြစ်နေတာလဲဂျွန်ဂျီမင်း"

"ရုံးမသွားဘူးလား"

"ဟင့်အင်း ကိုယ့်ယောကျာ်းနဲ့အချိန်ဖြုန်းဦးမယ်ဒီနေ့တော့...ရေချိုးကြမလား အတူတူမနေရတာညားကတည်းကပဲ"

လည်တိုင်ကိုနှာခေါင်းဖြင့်မွှေရင်းပြောသည့်နောက်ဆက်တွဲစကားကြောင့်အရှက်သည်းစွာလက်မောင်းကိုရိုက်လိုက်မိသည်။ဒီကလေးလူကိုရင်တုန်အောင်အရမ်းလုပ်။ထိုစဥ်မောင့်phမှတစ်တောင်တောင်မြည်လာသောmessage notiသံ......

"မောင်ဘယ်ကmessageလဲမသိဘူး"

"ထားလိုက်အရေးမကြီးဘူး"

ပြောလို့မှမဆုံးသေးphဝင်လာသည်။

"ကျစ်ဘာလဲကွာ"

စိတ်ပျက်စွာရေရွတ်ရင်းဆံပင်တွေကိုဆွဲဖွကာphထကိုင်လိုက်သည်။ဂျီမင်းလည်းလှဲနေရာကထကာငြိမ်နေလိုက်သည်။

"ဟယ်လို"

........

"ကျွန်တော်အိမ်မှာ မမ"

.........

"အာ ဒီနေ့လား"

.........

"သိပြီ လာခဲ့မယ်"

Phချပြီးသူ့ကိုအားနာသလိုလှည့်ကြည့်လာသည့်မောင့်ကြောင့်ဂျီမင်းမျက်ခုံးတွေမြင့်တက်သွားရသည်။

"ကုမ္ပဏီမှာအရေးကြီးmeetingရှိလို့တဲ့မောင်သွားရမယ် အဲ့တာ...ညကျမှရေချိုးမယ်နော်"

ပြုံးစိစိနဲ့ပြောပြီးထသွားတဲ့လူကိုမိရာခေါင်းအုံးနဲ့ဂျီမင်းပြစ်ပေါက်လိုက်​ေတာ့ရယ်ပြီးအခန်းထဲကထွက်သွားလေသည်။တစ်ကယ်အကြီးကိုဘာမှတ်နေလဲမသိဘူး။

ဂျောင်ကုထွက်သွားတော့သူလည်းပြင်ဆင်ပြီးထယ်ယောင်းတို့အတွဲဖွင့်ထားသည့်cafeလေးသွားလိုက်သည်။အခုရက်ပိုင်းပတ်ဂျီမင်းအိမ်ကပ်တယ်ရယ်လို့ကိုမရှိဘူး။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now