ထိုလူဘာစကားတစ်ခွန်းမှမဟရသေးခင်မှာပဲBaekhyun ကအရင် ရန်လှမ်းတွေ့ပြီးနေပြီဖြစ်သည်။

'' ဒီမှာ ဒီမှာ ခင်ဗျားကဘယ်သူလဲ၊ ဘာလို့ သူများအိမ်ထဲဝင်လာတာလဲ ''

ထိုလူက ခဏတာကြောင်ကြည့်နေပြီးမှ မျက်မှောင်ကြုတ်ပြလာသည်။ ဘာသဘောလဲ၊ မေးနေတာကိုလုံးဝပြန်မဖြေဘဲ အပေါ်ထပ်ကိုတက်ဖို့ပြင်နေတာ။

Baekhyun ချက်ချင်းပင် ထိုလူရှေ့ကိုသွားပြီး ပိတ်ရပ်လိုက်သည်။

'' မသွားရဘူး ''

'' ဒါ ငါ့အိမ် ''

'' ဘယ်လို ငါ့အိမ်ဟုတ်လား။ ကလိမ်ကကျစ်နဲ့ ဘယ်သူ့ကိုလာလိမ်နေတာလဲ ''

လက်တောက်လောက်လေးက စူးစူးရဲရဲကြည့်ပြီး ဆရာကြီးစတိုင်နဲ့ လက်တောင်ပိုက်ထားသေး။ Chanyeol ဟက်ခနဲရယ်လိုက်ပြီး ထိုကောင်လေးပခုံးကိုအသာတွန်းကာ လမ်းရှင်းလိုက်သည်။ အကြောတင်းသည့်ကောင်လေးက ချက်ချင်းပင် သူ့ရှေ့မှာပိတ်ရပ်လာပြန်သည်။

'' ခင်ဗျား သူခိုးလား၊ဘာလို့ အိမ်ထဲကိုအတင်းဝင်ဖို့လုပ်နေတာလဲ ''

လောလောလတ်လတ်မှ တွေ့ရသည့်သူစိမ်းကောင်လေးကို Chanyeol စကားတွေရှည်ရှည်ဝေးဝေးမပြောချင်။

'' ရဲခေါ်လိုက်မှာနော် ''

'' သဘော ''

'' ဘာ.. သဘောပဲ ဟုတ်လား၊ မလုပ်ရဲဘူးထင်နေတာလား ''

ထိုလူပြောသည့်စကားကို သံယောင်လိုက်ကာရွတ်နေတုန်းမှာပဲ မီးဖိုချောင်ထဲကနေ အသီးပန်းကန်ကိုင်ပြီးထွက်လာတဲ့ Jiwon ရဲ့အသံကစူးခနဲ။

'' လေးလေး ! ''

'' ဘယ်..ဘယ်လို လေး..လေးလေးဟုတ်လား ''

'' Baekhyun နှုတ်ဆက်လိုက်၊ ဒါ ငါ့ဦးလေး Park Chanyeol တဲ့၊ ဆွစ်ဇာလန်ကနေပြန်လာတာ။လေးလေးကလည်းကြိုမပြောဘူး၊ ကျွန်တော်လာကြိုမှာပေါ့ ''

မအူမလည်ပုံစံဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မော့ကြည့်လာတဲ့ကောင်လေးရဲ့မျက်ဝန်းတွေကို မမြင်ချင်ယောင်ဆောင်ပြီး အပေါ်ထပ်ကိုသာတက်လာခဲ့လိုက်သည်။

Perfection [COMPLETED] Where stories live. Discover now