ကျေးဇူးတင်လွှာဟုခေါ်သည်

679 35 6
                                    

Unicode

Note - နောက်မှာ special episode တွေ ရှိပါသေးတယ်ခင်ဗျာ ဒီမှာတင် မရပ်လိုက်ကြပါနဲ့ဗျာ.......

အဟမ်း အဟစ်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ အားလုံး နေကောင်းကြတယ်မလားဗျ ကိုယ်တော့ သိပ်မကောင်းပါ ။
မင်းတို့လည်း အစစ အရာရာ ဂရုစိုက်ကြနော်။

ကဲ ကျေးဇူးတင်ကြောင်းလေး ပြောပါပြီ.......။

MIF လေး ပြီးသွားခဲ့ပြီဆိုတော့ ဘယ်သူမဆို မေ့သွားကြမှာ အသေချာပဲပေါ့။ ဒါမဲ့ အခုပြောမဲ့ အရာတွေကို မတော်တဆ အမှတ်တမဲ့ တွေ့ခဲ့ရင်
အမောင် တတိုင်းရနဲ့ သူ့ဘဲကြီး ခန့်ရွှေစည်ကို သတိရပေးကြပါလို့ မှာပါရစေဗျာ... 💙

အခြေအနေတစ်ခုကြောင်​့ တောရွာလေးကို သွားဖြစ်ခဲ့ရင် ကြက်တောင်စီးနဲ့ကောင်လေးကို မတော်တဆ တွေ့ရင် ရရကို သတိရပေးပါ

တောလမ်းလို့ ခေါ်တဲ့ ဖုန်တွေထူတဲ့ လမ်းမှာ ခန့်ရွှေစည်လို ကောင်လေးမျိူးတွေ့ရင် သူ့အသည်းညှာနဲ့ တွေ့ရမှာမို့ ပျော်နေတဲ့ ခန့်ရွှေစည်ကို သတိရပေးပါ

ဘုန်းကြီးကျောင်းတွေ ရောက်ဖြစ်ခဲ့ရင် အပေါက်တွေကို ဆုံအောင် လိုက်ကြည့်ပါ ဖူးစာရှင်များ တွေ့မလားလို့ပေါ့ စတာပါ ဟဲဟဲ ဝင်ပေါက်ကနေ ဝင်လာလို့ အမှတ်မထင်တွေ့ခဲ့ သိခဲ့ရတဲ့
လူသားလေးနှစ်ဦးကို ခဏလောက်ဖြစ်ဖြစ် သတိရပေးကြပါအုံး

အလှူတွေ လုပ်လို့ ဒါမှမဟုတ် အလှူတွေ သွားဖြစ်ရင် ဘုန်းကြီးကပ်ထားတဲ့ အသီးတွေ ခိုးထားတဲ့ တတိုင်းရကို သတိရပေးပါ ငုံးဥစားချင်လို့ပါဆိုမှ ချော်လဲပြီး မှောက်ကုန်တဲ့ အလွဲလေးလဲ သတိရပေးပါအုံး အလှူမှာ စားနေချိန်ဘေးက ထိုင်ငေးနေတဲ့ ခန့်ရွှေစည်လို လူတွေ တွေ့ရင်လည်း ဘဲကြီးကို သတိရကြပါအုံး

မေမြို့ ပန်းခင်းကြီးကိုများ မတော်တဆ ရောက်ခဲ့ရင် ပန်းခင်းကြီးထဲ ပျော်နေတဲ့ ကောင်လေးကို သတိရပါ ချော်လဲတာကိုလည်း မမေ့နဲ့အုံးနော်
ခန့်ရွှေစည်ကြီးလည်း ပါသေးတယ်ဗျ

ရွှေရင်အေး ကို သောက်ဖြစ်ခဲ့ရင် တတိုင်းရကို
သတိရကြနော် သူ အရမ်းကြိုက်တဲ့ မုန့်မို့

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now