" အေး ငါအခုလာပြီ တွေ့နေကြနေရာမှာပဲတွေ့မယ်လေ လေးယောက်စာပြင်ခိုင်းထားလိုက် "

ကားလေးကMy Garden ထဲကိုဝင်သွားပြီးနောက် ကားပါကင်ထိုးကာ ဆိုင်အတွင်းထဲဝင်၍ တည်မြဲ ဟိုကောင်တွေကိုရှာလိုက်သည်။ သက်နိုင်ဦး ၊ ခန့် နဲ့ တိမ်ယံတို့က အထက်တန်းတည်းကပေါင်းလာတဲ့ကောင်တွေဖြစ်ပြီး ဒီကောင်တွေထဲမှာ တည်မြဲတစ်ယောက်ထဲအိမ်ထောင်ကျနေတာ။ ကျန်တဲ့ကောင်က အခုထိတစ်ကိုယ်ထဲသမားတွေချည်း။ တည်မြဲကိုမြင်တော့ လက်လှမ်းပြသည်။

" တိမ်ယံရော "

သက်နိုင်ဦးက မေးငေါ့ပြသည်။ တိမ်ယံက My Garden မှာသီချင်းဆိုတဲ့ကောင်မလေးကို ပန်းကုံးတွေစွပ်ပေးပြီး ပိုက်ဆံကြဲနေသေးတာ။ ဒီကောင်ကတော့မနက်စောစောရေချိန်ကိုက်နေပြီဟု သတ်မှတ်လိုက်သည်။ အကုန်လုံးက အသောက်သမားတွေမဟုတ်ကြပေမယ့် ဆုံတဲ့အခါတိုင်းတော့သောက်ဖြစ်ကြသည်။

" ကော်ရည်တစ်ပွဲ နဲ့ orange တစ်ခွက်ပေး "

" ဘာလဲ မင်းယောကျာ်းလေးကမင်းကိုချက်မကျွေးဘူးလား "

" အခုထိမနိုးသေးဘူး မပြောစမ်းပါနဲ့ကွာစိတ်ရှုပ်လွန်းလို့ "

သက်နိုင်ဦးက ခန့်ကိုလှမ်းကြည့်သည်။ သူတို့အကုန်လုံးကအထက်တန်းတည်းကလည်ပင်းဖက်ကောင်းလာတဲ့ကောင်တွေဖြစ်သည်။ တက္ကသိုလ်ရောက်လည်းအတူတူပဲ ၊ ညို့ကသူတို့အဖွဲ့ထဲမှာ စကားအနည်းဆုံးလူဖြစ်ပြီး တည်မြဲကမ္ဘာကိုဆိုရင်အမြဲတမ်းအရိပ်တကြည့်ကြည့်ရှိခဲ့တဲ့လူ။ တည်မြဲကသာမသိတာ ညို့က တည်မြဲကိုချစ်တာ သူတိုအကုန်သိသည်။

" ညို့က တကယ်မိုက်တဲ့ကောင်ပါကွာ မင်းလိုကောင်ကိုကြိုက်မိတာကိုကအမှား "

" ဘာဖြစ်လို့လဲ ငါကနူနေလို့လား ၊ မင်းတို့ကသူ့ဘက်ကချည်းပဲ ငါ့ဘက်ကျတစ်ယောက်မှမရှိကြဘူး ငါကပဲအလကားနေရင်းသူ့ကိုအနိုင်ကျင့်နေသလိုလိုနဲ့ "

" ဟုတ်နေတာပဲလေ မင်းညို့ကိုတစ်လျှောက်လုံးအနိုင်ကျင့်လာတာ "

ပန်းကုံးစွပ်ဝပြီးပြန်လာတဲ့ တိမ်ယံကဝင်ပြောသည်။ ညို့ကိုမနာလိုတဲ့အထဲမှာအဲ့ဒါတွေလည်းပါတယ်။ မေမေရော ဒီကောင်တွေရော ရှိသမျှလူတိုင်းက အမြဲညို့ဘက်မှာချည်း။ ညို့ဘာလုပ်လုပ်မှန်တယ် ဒီကောင်ကြီးကျရင် အကောင်းမြင်ကြတာမဟုတ်ဘူး။

ASTILLBE (Completed)Where stories live. Discover now