Chapter(286) -《Profound Book of Poisons》

Start from the beginning
                                    

အရင်ဆုံးစပြောရမယ်ဆိုရင် လင်ရွှမ်းဇီပြောတဲ့ 'အချစ်' ဆိုတဲ့အရာကရုတ်တရက်ဖြစ်ပြီး နားမလည်နိုင်စရာကောင်းတယ်

ပြောရမယ်ဆိုရင်အဲ့ဒီနေ့မတိုင်ခင်တုန်းကလင်ရွှမ်းဇီကသူ့ကိုရန်သူတစ်ယောက်လိုသတ်မှတ်ပြီးသူ့မျက်လုံးတွေကအေးစက်တဲ့အပြင်မုန်းတီးခြင်းတွေပါပြည့်နှက်နေခဲ့တာ..ဒါပေမဲ့အဲ့ဒီနေ့နောက်ပိုင်းမှာတော့သတိပေးချက်တစ်စုံတစ်ရာမရှိပဲလင်ရွှမ်းဇီကသူ့ကိုနွေးနွေးထွေးထွေးနဲ့ဆက်ဆံလာခဲ့တယ်....အဲ့ဒီအမုန်းတရားတွေပြည့်နှက်နေတဲ့မျက်လုံးတွေကတောင်သူ့အတွက်ဆိုချစ်ခင်မြတ်နိုးမှုတွေအလိုလိုက်မှုတွေပြည့်နှက်လာခဲ့တယ်..

အခုချိန်ထိယန်ထျန်းဟန်ကအကြောင်းပြချက်ကိုစဉ်းစားလို့မရသေးဘူး...

ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုပဲဖြစ်နေပါစေလင်ရွှမ်းဇီရဲ့ခံစားချက်အကြီးအကျယ်ပြောင်းလဲမှုနဲ့သာမာန်မဟုတ်တဲ့အပြုအမူတွေကသူ့အတိတ်ဘဝတုန်းကမှတ်ဉာဏ်တွေနဲ့အတူပြန်လည်ရှင်သန်လာတာကြောင့်ဆိုတာကိုယန်ထျန်းဟန်ကဘယ်လိုမှထင်မိမှာမဟုတ်ဘူးလေ

ယန်ထျန်းဟန်ကအကြောင်းပြချက်ကိုနားမလည်နိုင်ဘူး...အဲ့ဒါကြောင့်လည်းသူကကြောက်လန့်မှုတွေတုန်လှုပ်မှုတွေနဲ့တုန်ယင်နေရတာ

ဒီရုတ်တရက်ချစ်ခြင်းမေတ္တာကမဝေးတော့တဲ့အနာဂတ်မှာရုတ်တရက်နောက်တစ်ကြိမ်ပျောက်ကွယ်သွားနိုင်မလားဆိုတာသူမသိဘူး

သူလောင်းကြေးမထပ်ရဲသလိုလောင်းလည်းမလောင်းနိုင်ဘူး.

သူ့မှာအခုလင်ရွှမ်းဇီတစ်ယောက်ပဲရှိတော့တာ...တစ်ယောက်နဲ့တစ်ယောက်ဓားခြင်းချိန်ထားဖို့မပြောနဲ့လင်ရွှမ်းဇီကသူ့ကိုဒီအတိုင်းအေးစက်စက်အမူအယာနဲ့ပဲဆက်ဆံရင်၊သူ့ကိုလုံးဝလစ်လျူရှုလိုက်ရင်ဆိုတာကို —စဉ်းစားမိယုံနဲ့တင်သူ့နှလုံးသားကိုအပိုင်းပိုင်းဖြတ်နေသလိုခံစားရပြီးသူ့တစ်ကိုယ်လုံးကနေလို့မကောင်းတော့ဘူး!

ထိုအချိန်သူစဉ်းစားနေတုန်းမှာပဲမဟာအကြီးအကဲဟွိုင်ယွီကဒေါသတကြီးနဲ့ပြန်လှည့်လာသည်။သူကယန်ထျန်းဟန်ရှေ့မှာရပ်လိုက်ပြီးသူ့အားအေးစက်စက်ကြည့်လာ၏။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now