Chapter(286) -《Profound Book of Poisons》

Start from the beginning
                                    

ဒုတိယအချက်,ရှေ့ဖြစ်ဟောသူရဲ့အနာဂတ်ဟောကိန်းဖြစ်သည့်'ကမ္ဘာကြီးကိုရှုပ်ထွေးမှုတွေယူဆောင်လာမယ့်စေတန်နတ်ဆိုး'ဆိုတဲ့သဘောကရှေ့ဖြစ်ဟောသူတွေရဲ့စကားမမှန်သေးခင်မှာတင်သူကကမ္ဘာကြီးကိုရှုပ်ထွေးမှုတွေယူဆောင်လာတဲ့ပထမဆုံးသူဖြစ်နိုင်သည်။

အကယ်၍သာသူကနတ်ဆိုးလမ်းကြောင်းကိုမကျင့်ကြံဘူးဆိုရင်ပြီးတော့ကမ္ဘာကြီးကိုရှုပ်ထွေးမှုတွေမယူဆောင်လာဘူးဆိုရင်ရှေ့ဖြစ်ဟောသူရဲ့စကားတွေကထည့်တွက်လို့မရတော့ဘူး..သူ့အကိုကြီးကကယ်တင်ခြင်းကြယ်စင်ဆိုပေမယ့်ဒီကမ္ဘာကြီးကရှုပ်ထွေးမှုတွေမဖြစ်ပေါ်ဘူးပြီးတော့စေတန်နတ်ဆိုးလည်းမပေါ်လာဘူးဆိုရင်လင်ရွှမ်းဇီကလည်းကမ္ဘာကြီးကိုကယ်တင်စရာမလိုအပ်တော့ဘူး

ပြီးတော့နောက်ဆုံးအချက်,သူကသူရဲဘောကြောင်တဲ့သူ

သူစဉ်းစားလို့တောင်မရဘူး — အကယ်၍သူသာနတ်ဆိုးအနုပညာကိုဆက်ကျင့်ကြံနေပြီးတစ်နေ့မှာစေတန်နတ်ဆိုးတွေရဲ့အလေ့အကျင့်တွေ၊ရှုထောင့်တွေနဲ့ပတ်သတ်တာကိုသာသူစဉ်းစားမိသွားမယ်ဆိုရင်လက်တစ်ဖက်နဲ့မိုးတိမ်ကိုဖြစ်ပေါ်စေပြီးအခြားတစ်ဖက်နဲ့မိုးရွာစေနိုင်မယ့်ခွေးရူးတစ်ကောင်လိုမျိုးတကယ်ပဲရှုပ်ထွေးမှုတွေဖြစ်ပေါ်စေမိလိမ့်မယ်.....ဒါဆိုကောင်းကင်ဘုံတာအိုကနေရွေးချယ်ခံထားရတဲ့သူ့အကိုကြီးကလည်းသူ့ရဲ့သဘာဝရန်သူတစ်ယောက်ဖြစ်သွားမှာ;အဲ့ဒါဆိုသူ့အကိုကြီးကသူ့ကိုအတိတ်တုန်းကလိုမျိုးဆက်ဆံပါဦးမလား?

ယန်ထျန်းဟန်ကတော့အဲ့ဒီလိုမေးလာရင်ပြင်းပြင်းထန်ထန်နဲ့ယုံကြည်ချက်ရှိရှိ 'အင်း' လို့ဖြေနိုင်လိမ့်မယ်လို့တွေးမိပေမယ့်လည်းတကယ်တမ်းအဖြစ်မှန်ကတော့သူ့မှာဘယ်လိုများယုံကြည်ချက်ရှိပါ့မလဲ?

အကယ်၍သာလင်ရွှမ်းဇီအပေါ်သူ့ရဲ့ချစ်ခင်တွယ်တာမှုကမိသားစုဝင်အချင်းချင်းချစ်ခင်စုံမက်တာ၊လေးစားတာနဲ့အခြားရှုပ်ထွေးတဲ့ခံစားချက်တွေရောနှောသွားလို့နောက်ဆုံးမှာ'အချစ်'တစ်ခုဖြစ်ပေါ်လာတာဆိုရင်လင်ရွှမ်းဇီကရောသူ့အပေါ်ဘယ်လိုအကြောင်းအရင်းကြောင့်ချစ်သွားရတာလဲ?

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now