အပိုင်း ၇၁

1.3K 165 2
                                    

Uni




“  ဒယ်ဒီ ” လင်းထျန် နှုတ်ဆက်လိုက်သည်။

“ သမီးရဲ့ အတန်းဖော်ထဲမှာ ကျန်းဝူ ဆိုတဲ့နာမည်ရှိတယ်လို့ ဒယ်ဒီကြားတယ်” လင်းဟွမ် ပြောလိုက်သည်။


“ ဟုတ်တယ် ဒယ်ဒီ”

“ ကျန်းဝူ ရဲ့အဖေ အနားယူသွားပြီဆိုတဲ့သတင်းတွေကို မကြာခင်လူသိရှင်ကြား ကြေညာတော့မယ် ”လို့လင်းဟွမ် ပြောလိုက်သည်။“  ကျန်းဝူကသူ့အဖေရဲ့ဆက်ခံသူ ဖြစ်လာလိမ့်မယ်။  သူကနီရှန့်ရဲ့ ခေါင်းဆောင်သစ်ဖြစ်ပြီး အမျိုးသားလုံခြုံရေးဌာနရဲ့ အကြီးအကဲဖြစ်နေပြီ။ သူ့ဆီချဉ်းကပ်ဖို့ နည်းလမ်းရှာထား”

“ ဒယ်ဒီ ၊ သတင်းတွေက ယုံကြည်စိတ်ချရလို့လား?”


လင်းထျန် က ကျန်းဝူ ကဲ့သို့သော သခင်မရဲ့သားက ရုတ်တရက် ယွဲ့ဂူးဇွေရဲ့သားအဖြစ် ပြောင်းသွားလိမ့်မယ်လို့ မယုံကြည်ပေ။


“ ဒယ်ဒီက အဓိပ္ပါယ်မရှိတဲ့စကားတွေကို ယုံလိမ့်မယ်လို့ထင်လား?  ​ရှောင်ထျန် ၊နီရှန့်က ထန်းလောင်နဲ့ သဘောတူစာချုပ် ချုပ်ပြီးသွားတဲ့နောက် ဘယ်လောက်တောင်အင်အားကြီးမားလာသလဲဆိုတာကို သမီးသိလား? ယွဲ့ဂူးဇွေ ဇနီးရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ယန် မိသားစုကိုပဲကြည့်လိုက်။ သူတို့က အထက်တန်းစားဘဝမှာ နေထိုင်နေကြတယ်။  ရှောင်ထျန် ၊ သမီးက လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ ကျန်းဝူ ကိုဆွဲဆောင်ဖို့ သမီးရဲ့ရုပ်ရည်ကိုသုံးလိုက်ရင် သမီးရဲ့အနာဂတ်က လုံခြုံမှုရှိလာလိမ့်မယ်”

ကျန်းထျန်က ကျန်းဝူ ပြုံးလိုက်တဲ့အခါကျရင် ဘယ်လိုတောင်ချောလိုက်လဲဆိုတာကို  သတိရသွားသည်။ကျန်းဝူကို ဆွဲဆောင်ဖို့ သူမရဲ့ရုပ်ရည်ကလုံလောက်မှုရှိ ၊မရှိဆိုတာကို သူမသိချင်သည်။

စုရှောင်းယာ ရဲ့ဒုတိယအလုပ်ဖြစ်တဲ့ အဆောက်အအုံ၌

စုရှောင်းယာက သန့်ရှင်းရေးလုပ်နေပြီး ဟူရန်းဒီနဲ့သူမတို့ ပတ်သတ်ခဲ့တဲ့ ရက်သတ္တပတ်အကြောင်းကို တွေးနေခဲ့တယ်။  ဟူရန်းဒီရဲ့ကားနဲ့ သူမ မတော်တဆ တိုက်မိပြီးကတည်းက စုရှောင်းယာ ရဲ့ ဘဝက ဘယ်လောက်တောင်မှ ပြောင်းလဲသွားတယ်ဆိုတာကို သူမ မယုံကြည်နိုင်ဘူး။သူမပေါင်ပေါ်မှာရှိတဲ့ အနာတွေက ပျောက်ကင်းသွားပါပြီ။ဒါပေမဲ့  ဟူရန်းဒီက သူမကိုအာဟာရရှိတဲ့အစားအစာတွေ ပို့ပေးဖို့အတွက် တစ်စုံတစ်ယောက်ကို တာ၀န်ပေးထားတယ်။ ဟူရန်းဒီ ဟာ ခင်မင်ရင်းနှီးဖို့မလွယ်ကူပေမယ့် သူကဖြောင့်မတ်ပြီး စည်းကမ်းရှိသူဖြစ်တယ်။

ဇနီးချောလေးနဲ့ ထက်မြတ်တဲ့သားလေး (Myanmar Translation)    (Completed )   Where stories live. Discover now