''29''[Unicode]

20.3K 2.4K 370
                                    

''အရှင် သခင်မမာရီက
တွေ့ခွင့်တောင်းနေပါတယ်''

ဦးလေးဝမ် ထိုသို့ပြောနေသည်မှာ အခွန်းနှစ်ဆယ်မကသော်လည်း
အရှင်ဂျွန် မကြားယောင်သာဆောင်ပြီး လက်နက်စာရင်းစာရွက်အား စစ်မြဲပင်။

ထိုးလက်စ သိုးမွှေးတဘက်လေးကို တစ်ဖက်လက်တွင် ကိုင်ထားလျက်နှင့် သူ့ပုခုံးကို ဖွဖွလေး ထိကိုင်လိုက်ပါသော လက်သွယ်သွယ်လေးတွေ။

''ထွက်တွေ့လိုက်ပါ အရှင်ရယ် ။ သူက အကောင်းသတင်းပြောချင်လား ၊ အဆိုးသတင်းပြောချင်လားမှ မသိပဲ''

သူ့အပြာရောင်လေး၏ တိုက်တွန်းမှုကြောင့် မတတ်သာသော အခြေအနေအလား မာရီကို ထွက်တွေ့ဖို့ စားပွဲကနေ ထွက်သွားသည့် အရှင်ဂျွန်။

ထယ်ယောင်းကတော့ သူ့စကားကို နားထောင်သည့် အရှင့်ကိုကြည့်ပြီး ပီတိပြုံးလေးပြုံးလို့။

''ပြော ဘာကိစ္စလည်း''

အရှင်ဂျွန်အား တွေ့သည်နှင့် တဖျက်ဖျက်လက်နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လာပါသည့် မာရီ။

အရှင်ကတော့ မနှစ်ခြိုက်စွာ
ခပ်စူးစူးသာစိုက်ကြည့်လို့။

''ဟို...ဟိုလေ
ဖေဖေနေမကောင်းလို့တဲ့ ။ အဲ့တာ
မာရီ ဖေ့ဖေ့ဆီ အခုပဲ လိုက်သွားမလို့ ။ အဲ့တာ အရှင့်ကို အသိလာပေးတာပါ''

''သြော် သွားလေ''

ခပ်ပေါ့ပေါ့ထွက်လာသည့်
အရှင့်၏စကားကြောင့် မာရီ
အတော်ပင် ဝမ်းနည်းသွားမိသည်။

အနည်းဆုံးတော့ ဘာလို့သွားမှာလည်း ၊ ဒီကိစ္စတစ်ခုတည်းနဲ့လား ၊ ဘယ်သူနဲ့သွားမှာလည်း စသဖြင့် မေးမြန်းမယ်လို့ မျှော်လင့်နေမိခဲ့တာ ။

အခုတော့ ထိုခပ်ပေါ့ပေါ့
စကားတစ်ခွန်းသာပြောပြီး အိမ်ထဲ ပြန်ဝင်သွားတယ်တဲ့လား။

မာရီ မာန်တင်းကာ ပြုံးမိသည်။

ချစ်မိလေသမျှ အပြစ်ခံရဦးမပေါ့။

=======

''ဘာ!! ဒီသတင်းက အမှန်ပဲလား''

အမျက်ဒေါသထွက်နေသည့်
အရှင်ဂျွန်၏ မျက်နှာကို ဦးလေးဝမ်နှင့် ဒုံဟွန်းခမျာ စေ့စေ့မကြည့်ဝံ့။

Blue Side ( Completed )Where stories live. Discover now