''24"

22.5K 2.5K 320
                                    

မျက်နှာပြင်တစ်ခုလုံး နွေးထွေးသည့် အနမ်းတွေ လောလောလတ်လတ်
စွန့်ကျဲခံထားရသည့် ခံစားချက်ဖြင့် သတိရလာခဲ့သည့် ထယ်ယောင်း။

''နိုးလာပြီလား တော်ပါသေးရဲ့ကွာ''

အားကိုးတကြီးရေရွတ်ပြီး
သူ့လက်ခုံကို နှုတ်ခမ်းဖြင့်
ဖိကပ်ထားသည့် အရှင်က
ထယ်ယောင်းရဲ့ ဘေးမှာ။

''အရှင် ကျွန်တော်
သတိမေ့သွားတာ ကြာပြီလားဟင်''

''နည်းနည်းတော့ ကြာသွားပြီ''

ခဏနေရင်တောင် မိုးလင်းတော့မယ်လို့တော့ ဂျောင်ကု မဆိုဖြစ်တော့။

စိုက်ကြည့်နေတဲ့
အရှင့်မျက်ဝန်းတွေက
ဘာကြောင့်နွမ်းနယ်နေရတာလည်း။ ခပ်တင်းတင်းစေ့ထားတဲ့ အရှင့်နှုတ်ခမ်းတွေက နာကျင်မှုတွေကို ကြိတ်မှိတ်ခံစားနေတယ်လို့
ထယ်ယောင်း ဘာကြောင့်ထင်နေရတာလည်း။

ဒါဟာ အရှင့်အပေါ်
သူ စိုးရိမ်လွန်နေတယ်ဆိုရင်တောင် အရှင့်ကို ကုစားပေးချင်မိတယ်။

''အရှင် အဆင်ပြေရဲ့လား ။
စိတ်ညစ်စရာတွေများ ရှိနေလားဟင် ။ ကျွန်တော့်ကို မျှဝေပေးလေ''

လက်ဖဝါးပြင်ကြီးကြား မရဲတရဲလေး ဝင်လာသည့် လက်သွယ်သွယ်လေးတွေကို ဂျောင်ကု ရူးသွပ်စွာ
ဖမ်းဆုပ်ကိုင်ပစ်မိသည်။

မာန်တင်းထားသမျှတွေအကုန် ၊
စိတ်ပင်ပန်းတာတွေအကုန် ၊ ဒီလို နေမကောင်းဖြစ်နေတဲ့ မျက်ဝန်းပြာလေးကို ရင်ဖွင့်ချင်တဲ့သူ့စိတ်ကို မိုက်မဲလွန်းတယ်လို့ ဂျောင်ကု တွေးမိသည်။

''အပြာရောင်လေး အိပ်ပျော်နေတဲ့အချိန်မှာ ကိစ္စတွေကတော့
တော်တော်ဖြစ်သွားတယ်''

''ဆိုးတာတွေလားဟင်''

''အင်း ဒုံဟွန်း ဓားထိုးခံရလို့လေ ။ ဆေးဆရာတွေကတော့
သက်သာတယ်ပြောတာပါပဲ''

ထိုအခါ ထယ်ယောင်းက
ဂရုဏာသက်နေသည့်
မျက်ဝန်းလေးများဖြင့် စိုက်ကြည့်ပြီး
အရှင့်ပါးပြင်တွေကို
လက်ဖြင့်ဖွဖွလေးပွတ်သပ်ပေးကာ

''အရှင် သိပ်ပင်ပန်းနေမှာပဲနော်''

ပါးပြင်ကို နွေးထွေးစွာ
ထိကပ်လာသည့် လက်ချောင်းလေးတွေကြောင့် ဂျောင်ကု သူ့ရဲ့
အားငယ်ဝမ်းနည်းတတ်သည့်ပုံစံကို ထယ်ယောင်းကို ချပြချင်ခဲ့မိသည်။
ဒါဟာ မိုက်ရူးရဲဆန်တယ်လို့
ဆိုရင်တောင်မှပေါ့။

Blue Side ( Completed )Where stories live. Discover now