''18"

24.5K 2.6K 231
                                    

တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို နာကျင်မှုနှင့်အတူ ဂျီမင်၏ မျက်လုံးတို့ ပွင့်အာလာခဲ့သည်။

လင်းခါစအချိန်ဖြစ်သည့်အတွက်
ခပ်ရေးရေးအလင်းရောင်တို့က ပြတင်းပေါက်ကနေတစ်ဆင့်
အခန်းတွင်းသို့ တိုးဝင်လို့။

ဖြတ်ခနဲ တိုက်ခတ်လာသည့်
လေပြေအေးတချို့ကြောင့် ဘေးနားတွင် အပြစ်ကင်းစွာအိပ်စက်နေသည့် လူသားအား မအေးစေရန် စောင်အား ပုခုံးထိ ဆွဲခြုံပေးလိုက်သည်။

ပြီးလျှင် ထိုလူသားအား ဂျီမင်
တမေ့တမောငေးကြည့်နေမိသည်။

''ကျွန်တော် ခေါင်းဆောင်မင်နဲ့ ကုန်ဆုံးခဲ့တဲ့ ညလေးကို
ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး''

ခပ်တိုးတိုးရေရွတ်လိုက်သည့်
သူ့အသံကို ခေါင်းဆောင်မင်
မကြားစေဖို့သာ ဆုတောင်းသည်။

ဘေးနားမှ စောင်အပါးတစ်ထည်ကို ဆွဲယူပြီး အဝတ်မကပ်သည့် မိမိခန္ဓာကိုယ်ကို ဂျီမင်လွှမ်းခြုံလိုက်သည်။

ခေါင်းဆောင်မင် မနိုးခင်
ထမှဖြစ်မည်လေ။

ခဏနေရင်ပဲ ဆယ်ဂျူကို
ပြန်ရတော့မှာဆိုတော့ သူ့လို
အစေအပါးတစ်ယောက်က အစောကြီး
ပြင်ဆင်ပြီးသင့်တယ်မဟုတ်လား။

နာကျင်နေသောခန္ဓာကိုယ်ကို အံတုပြီး ကုတင်ပေါ်မှ ခပ်ဖြည်းဖြည်းထကာ ကြမ်းပြင်ပေါ်တွင် တစစီပြန့်ကျဲနေသော မိမိအဝတ်များကို ကောက်ယူပြီး ဝတ်နေမိသည်။

အဝတ်တွေအကုန်ဝတ်ပြီး ဂျီမင် သူ့အခန်းထဲက ထွက်သွားမှ ယွန်းဂီ မျက်လုံးတို့ ဖြတ်ခနဲပွင့်လာသည်။

ဆံပင်ကို လက်ဖြင့်တချက်သပ်ပြီး ယွန်းဂီ စိတ်ညစ်ညူးစွာ
သက်ပြင်းတချက်ချမိသည်။

အဲ့ကောင်လေး ဒီအခန်းထဲက
ထွက်သွားတာကို သူဘာလို့
ဘဝင်မကျဖြစ်နေရတာလည်း။

အတော်ပင်စိတ်ရှုပ်ထွေးလာ၍ ဘေးစားပွဲရှိ သေရည်အိုးအား ခွက်ထဲသို့ငှဲ့ကာ သူ တစ်ကျိုက်မော့ပစ်လိုက်သည်။

စတွေ့ကတည်းက စိတ်ရှုပ်အောင် တော်တော်လုပ်တဲ့ဟာလေး။
အစကတည်းက ဒင်းလေး
ဒိုဒန်းကို လိုက်မလာသင့်ဘူး။

Blue Side ( Completed )Where stories live. Discover now