Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ

Start from the beginning
                                    

ယန်ထျန်းဟန်ကသူ့ရဲ့လေးနက်နေတဲ့မျက်နှာပိစိလေးကိုကြည့်လိုက်ပြီးနောက်သူ့လက်ညှိုးလေးအားဆန့်ထုတ်ကာဖုန်ကျင်းယွိကိုအိပ်ယာပေါ်သို့တောက်ထုတ်လိုက်သည်။သူသည်လည်းလှချလိုက်ပြီးနံရံအားမျက်နှာမူလိုက်၏။

"အကယ်၍ငါတို့ထွက်လို့မရဘူးဆိုတော့လည်းမထွက်ယုံပေါ့ကွာ...အရေးကြီးကိစ္စကြီးတော့မဟုတ်ပါဘူး"

ဖုန်ကျင်းယွီရဲ့အမွှေးလေးများထောင်ထသွားသည်။သူကထခုန်လိုက်ပြီးယန်ထျန်းဟန်ရဲ့ခေါင်းလေးပေါ်ပျံတက်သွားကာသူ့နှဖူးကိုဖတ်ခနဲရိုက်ထည့်လိုက်ပြီးကလေးသံလေးနဲ့အော်ဟစ်တော့သည်။

"ဒီဘုရင်ကိုမရိုမသေနဲ့လာမတောက်နဲ့ကွ!"

ယန်ထျန်းဟန်ကဖုန်ကျင်းယွီကိုလှမ်းဆွဲလိုက်ပြီးစောင်အစွန်းတစ်ဖက်နဲ့ဖုန်းပစ်ကာသန်းဝေလိုက်သည်။

"ကောင်းပြီ,ကောင်းပြီ.မင်းလည်းတစ်နေကုန်ပျံနေရတာပင်ပန်းမှာပေါ့အဲ့ဒါကြောင့်မြန်မြန်အနားယူတော့"

တကယ်တော့မနက်ဖြန်,သူ့မှာတိုက်ခိုက်ရမယ့်ပြင်းထန်တဲ့တိုက်ပွဲရှိနေသေးတယ်။အခုချိန်မှာတော့ယန်ထျန်းဟန်အနေနဲ့မဟာအကြီးအကဲဟွိုင်ယွီကသူ့နေ့ရက်တွေကိုငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းခွင့်ပေးမယ်ဆိုတာမျိုးကိုမယုံကြည်တော့ဘူး

ဖုန်ကျင်းယွီကကြောင်တောင်တောင်ဖြစ်သွားပြီးမှစောင်အောက်ကနေလှိမ့်ထွက်ရန်အတောင်ပံကိုတစ်ဖြတ်ဖြတ်ခတ်သည်။

"မင်းတကယ်ပဲဒီအခြေအနေကိုစိတ်မပူဘူးနော်?..အကယ်၍အဲ့ဒီမဟာအကြီးအကဲဟွိုင်ယွီသာမင်းကိုဖမ်းထားချင်တယ်ဆိုရင်မင်းဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူး"

ယန်ထျန်းဟန်ကသူ့ရဲ့စိတ်ပူပန်မှုကိုလစ်လျူရှုလိုက်သည်။

"ငါ့ကိုဘာလို့သူကဖမ်းထားချင်ရမှာလဲ?ငါ့ဆီမှာသူပင်ပင်ပန်းပန်းအင်အားစိုက်ထုတ်ပြီးဖမ်းထားရလောက်အောင်ဘာမှမရှိဘူး...ဆန့်ကျင်ဘက်အနေနဲ့ငါကမှသူ့လက်အောက်မှာပညာသင်ကြားဖို့လိုနေသေးတယ်"

ဖုန်ကျင်းယွီကယန်ထျန်းဟန်အားသူ့ရဲ့ရွှေနီရောင်မျက်လုံးတစ်စုံနဲ့အကဲခတ်လိုက်သည်

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now