Part : 45 ☕

1.4K 156 15
                                    

" မင်းတို့စောက်သုံးကိုမကျဘူး "

ဂျီမင်းတို့စားဖိုဆောင်မှာ တစ်ခုခု complaint တက်ခံရတိုင်း Chief chef ရဲ့ဆူသံဆဲသံများကကျယ်လောင်စွာထွက်လာနေကျဖြစ်သည်။ ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်သော်လည်း နေ့တဝက်ဂျူတီဝင်ရ၍ ဂျီမင်းအလုပ်မနားရပါ။

" ဗီး ဗီး "

" ဘယ်ကောင်က စားဖိုဆောင်ကို စောက်ဖုန်းယူလာတာလဲ "

" ကျနော်ပါ "

" ဂျီမင်း စောက်စည်းကမ်းကိုနားမလည်ဘူးလား "

" တောင်းပန်ပါတယ် "

" အလုပ်ဆင်းတာနဲ့ လက်မှတ်လာထိုးစမ်း..နောက်တစ်ခါဆိုမလွယ်ဘူးမှတ် "

" ဟုတ်ကဲ့ "

ဂျီမင်းကံဆိုးစွာ Chief chef ရဲ့ဒေါသများပုံချတာခံလိုက်ရသည်။ အလုပ်ချိန်မှာဖုန်းကိုင်ခွင့်မရှိတာသိသော်လည်း ဒီနေ့တော့ သူဖုန်းမယူထားလို့ကမဖြစ်ပါ။

ဒီနေ့ဂျောင်ကုက အိမ်ပြန်ကာအဖေနဲ့သွားတွေ့မည်ဖြစ်သည်။ ဂျောင်ကုအဖေနဲ့ပြေလည်ဖို့အတွက် သူတို့ပိတ်ရက်တိုင်းအိမ်ကိုသွားကာ ဖြောင်းဖြလေ့ရှိသည်။ ဒီနေ့တော့ ဂျီမင်းက ဂျူတီရှိလို့ လိုက်မသွားနိုင်တာကြောင့် အခြေအနေမကောင်းရင် ဖုန်းဆက်ဖို့အတွက် ဂျောင်ကုအဖွားကိုမှာထားရသည်။

ဂျီမင်းအရိပ်အ‌ခြေ‌‌ကြည့်ကာ လူရှင်းတဲ့နေရာကိုသွားပြီးဖုန်းပြန်ခေါ်လိုက်သည်။

" အဖွား ဘာဖြစ်လို့လဲ "

" ဂျီမင်းလေး ဘာမှမဖြစ်ဘူး..သားအဖနှစ်ယောက်ထမင်းအတူတူစား‌နေကြတယ်..အရင်လိုအော်ကြီးဟစ်ကျယ်တွေမလုပ်ကြတော့ဘူး..သားကြီးက ကုကုကို အလျော့ပေးတော့မယ့်ပုံပဲ..အဲ့ဒါအဖွားဝမ်းသာလို့လှမ်းပြောတာ "

" တကယ်လား အဖွား "

အရင်က သူတို့သွားရင် ဂျောင်ကုအဖေက အိမ်ထဲပင်ပေးမဝင်သော်လည်း အခုလိုအခြေအနေမျိုးထိရောက်လာတော့ ဂျီမင်းပျော်လွန်းလို့ထပင်ခုန်ချင်သွားသည်။

အမှန်တော့ ဂျောင်ကုအဖေရော အဖွားကပါ ငယ်ငယ်ထဲက ဂျီမင်းကိုချစ်ကြပါသည်။ သူတို့အကြောင်းကိုသိတော့ အဖွားက ချစ်တဲ့စိတ်နဲ့ သူတို့ဘက်ကနေပေးခဲ့သော်လည်း ဂျောင်ကုအဖေက ရှေးရိုးဆန်သူဖြစ်သောကြောင့် လွယ်လွယ်လက်မခံပေးနိုင်ခဲ့ခြင်းဖြစ်သည်။

My Sweetest CaffeineWhere stories live. Discover now