"ကျတော်မျိုး...ဆွဲဖို့ကို အာရုံစုစည်းလို့
မဖြစ်နိုင်လို့ မတူညီရင် အိမ်ရှေ့စံ
စိတ်ငြိုငြင်မှာစိုးလို့ပါ....."

"ပန်းချီကားက တစ်ခြားတစ်ယောက်ရဲ့
မျက်နှာပေါ်လာစေအုန်းတော့
မင်းကိုယ်တော့်ကိုကြည့်ပီးဆွဲခဲ့တာဆိုတာ
နှင့်ရပီ..
မင်းပန်းချီကို ကိုယ်တော်ဘယ်တော့မှအကဲဖြတ်မှာ
မဟုတ်ဘူး....Jeonငယ်...."

"အိမ်ရှေ့စံ ဘာအရေးကိစ္စတွေဖြစ်နေတာလဲ...."

နန်းတော်တစ်ခုလုံးသေဆိုသေ ရှင်ဆိုရှင်
ဒူးကျိုးကျမတတ်ကြောက်ရသောအိမ်ရှေ့စံကို
နူတ်လှန်ထိုးလို့ရသည်မှာ Jeonတစ်ယောက်ထဲ...။

တခုခုပြန်ပြောဖို့ အားယူလိုက်ချိန်တွင်
ဩရှရှလေးအသံလေးတစ်ခုဖြတ်စီးလာခဲ့သည်။

"အိမ်ရှေ့စံကိုဂါဝရပြုပါတယ်..."

အိမ်ရှေ့စံသည်နောက်သို့လှည့်ကြည့်လိုက်
သော်အခါ ကချေသည်ယောင်း နှင့်အပေါင်းအပါးများ
တနေရာရာကိုသွားဖို့ကြံရွယ်ထားကြပုံရပီး
သူ့ကိုတွေ့လို့လာနူတ်ဆက်ဂါဝရပြုကြပုံရပါသည်။

ကိုယ့်လမ်းကိုယ်ဆက်သွားလိုက်လည်းရပေမယ့်
အိမ်ရှေ့စံကိုမြင်တာနဲ့ လှုပ်ရှားလာသော
နှလုံးသားသည်ထိန်းမရတာကြောင့်
ဘာမှမစဉ်းစားနိုင်အိမ်ရှေ့စံရှေ့မှောက်
ပြေးဦးညွှတ်လိုက်သူသည်..အစွမ်းကုန်ပြုံးရွှင်နေသည်။

အိမ်ရှေ့စံသည် သူ့ကိုမြင်တိုင်း
အေးစက်လှသောမျက်နှာသေဖြင့်
အမြဲလိုလိုစိုက်ကြည့်သည်....။
ယောင်းသည်....အေးစက်တယ်ရယ်လို့လည်း
မမြင်ခဲ့နိုင်ပါ...။

ညီလာခံတစ်ခုလုံးကိုခပ်တည်တည်ပစ်ထားခဲ့ပြီး
ပြေးလာခဲ့ရသောအဓိကအကြောင်းအရင်း
ဒီကချေသည်ကောင်လေးသည် လှပစွာပြုံးပြနေသည်။
ဘယ်တုန်းကမှပြုံးပြတယ်လို့မထင်ခဲ့....
လှောင်ပြောင်ပြနေသည်ဟုသာအိမ်ရှေ့တစ်သက်လုံး
တွေးခဲ့တာ...။

Jeonကိုလှမ်းကြည့်တဲ့အခါ....
ဓားထုတ်ပြီးခုတ်ပစ်လိုက်ချင်စရာမျက်နှာ....
အကြင်နာတွေ ယိုစီးနေလို့....
အချစ်တွေ ထင်ထင်ရှားရှားကိုမြင်နေရလို့....

မောင်Where stories live. Discover now