Epi - 37

2K 170 12
                                    

Unicode

အသည်းညှာ အခန်းတံခါးဖွင့်ကာ ဝင်လာသည်ကို သိပါသည်။ သို့သော် ဘာလုပ်မလဲ သိချင်သေးသဖြင့် ခဏအညောင်းဖြေနေရာကနေ အိပ်ချင်ယောင်ဆောင်လိုက်သည်။ ခြေသံဖွဖွကလေးနှင့် အနားရောက်လာသည်ကိုလည်း သိပါသည်။

ကုတင် အိခနဲဖြစ်သွားသည်မို့ ထိုင်လိုက်မှန်းသိရသည်။ မျက်နှာရှေ့ လက်ကလေး ဟိုဖက် ဒီဖက် ဝှေ့ယမ်းတာကိုလည်း သိသည်။

ခဏအကြာ မျက်နှာပေါ်ကို ရောက်လာသည့်လက်ကလေး ။ ခန့်ရွှေစည် မျှော်လင့်မိပါသည်။
အသည်းညှာ၏ နှုတ်ခမ်းလွှာကလေး။
သို့သော် ရောက်လာသည်က အသက်ရှုမရတော့အောင်လုပ်ခြင်း။

သောက်ကလေးလေး အရမ်းအကျင့်ယုတ်တာပဲဗျာ။ အသက်ရှုလို့ မရတော့ပြီမို့ နှာခေါင်းကိုပိတ်ထားသည့် လက်ကလေးကို အားနှင့်ဆွဲလိုက်တော့ အင့်ခနဲ ဆိုပြီး ကိုယ်လုံးလေးပါ ကျွန်တော့်အပေါ်ပြိုကျလာသည်။

လန့်သွားပြီးကာမှ ရန်တွေ့ဖို့ပြင်နေသည့် စွာစိလန်လေးကို ဘာမှမပြောနိုင်အောင် နှုတ်ခမ်းလေးကို ပိတ်လိုက်သည်။ တဖြည်းဖြည်းပြုံးလာသည့်အနေအထားအရ သူများကိုစရတာ တော်တော်ကလေး ပျော်နေပုံပင်။

နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး လွှတ်ပေးလိုက်တော့ လူပေါ် ကုပ်တွယ်တတ်လာသည်။ ပြုတ်မကျအောင် ခါးကနေ သိုင်းဖက်ထားရသေးသည်။
အခုလိုကျတော့ လူပေါ်မှာ ကပ်နေသည့် ဖားပြုတ်ကလေးလို။

" ထမင်းစားဖို့ လာခေါ်ရမှာကို မေ့ပြီး အောက်ဆင်းသွားတာရယ် ဟီး ပြီးမှ သတိရလို့ ပြန်တတ်ခေါ်တာ "

ွအစွယ်လေးတွေပေါ်အောင်ပြုံးပြနေသည့် အသည်းညှာသည် တကယ်ကိုအပြစ်ကင်းစင်သည့်ကလေးငယ်။

" ဟောဗျာ မေ့သွားတယ်တဲ့လား ဒါဆို ကိုယ် ပြန်ရင်ရော မေ့သွားမှာလား အသည်းညှာ ဟင်...... "

ကျွန်တော်စလိုက်တာကို ပြုံးနေရာမှ ညှိုးသွားသော မျက်နှာလေး။
အင်း........ တစ်သက်တာနီးဖို့ ခဏတာတော့ ဝေးနေရအုံးမှာပေါ့ဆိုတာကို
အသည်းညှာ နားလည်အောင် ရှင်းပြရပေအုံးမည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now