Epi - 36

2.1K 169 16
                                    

Unicode

ရရက ဂိုးလ်နှင့် ချစ်သူတွေ ဖြစ်နေကြပြီလို့ ပြောတာတောင် ဘယ်လိုမ​ှ မနေကြသည့် ပီတာဖခင်နှင့် မာတာမိခင်။
တကယ်ဆို အံ့သြပြီး သဘောမတူဘူး ဘာညာ
လုပ်ရမှာ မဟုတ်ဖူးလား။
အခုတော့..................။

အရှေ့က ထိုင်နေပြီး မျက်လုံးပြူးနေသော သားဖြစ်သူနှင့် ထိုင်နေရင်း မတ်တပ်ထရပ်ပြီး ပါးစပ်အဟောင်းသားဖြစ်နေသော သားမက်ဖြစ်သူတို့။
ဒီကိစ္စလေးများ ဘာအံ့သြစရာရှိလို့လဲ။

" အမေနဲ့ အဖေက ဘာမှမဖြစ်ကြဘူးလား
သားနဲ့ ဂိုးလ်တို့ ချစ်သူတွေ ဖြစ်နေကြတာကိုလေ "

အော်........... ဒီကလေးနှယ့်။ ဒီလောက် သရုပ်တွေပျက် ဂယက်တွေ ထနေတာကို မသိပဲနေမလားဟ။

" ကဲ မြတ်ရေ သားတို့ကို ပြောပြလိုက်ပါအုံးကွာ "

အသည်းညှာ၏ အဖေ ပြောလိုက်ကာမှ အန်တီသည် ပြုံးပြုံးကြီးဖြင့် စကားစလာလေသည်။

" အော် သားတို့ရယ် မင်းတို့်က အရမ်းပိရိကြတယ်ဆိုတော့လေ အမေတို့က မသိတော့ဘူးဆိုတော့ တကယ်တည်း သိနေတာဖြင့် သားစည်
သားငယ်လေးကို တော်တော်ဖြစ်တည်းကပါရှင် "

သိနေလို့ သိနေတယ်ပြောလိုက်တာကို သားငယ်လေးကတော့ မျက်နှာလေးရဲသွားချေသည်။
ဘေးက သမက်လေးကတော့ ပါးစပ်နားရွက်တပ်ချိတ်တော့မယ်။

" ဘာမှ စိတ်မပူကြနဲ့တော့နော် အမေနဲ့ အဖေရော
သားစည်ရဲ့ ဒယ်ဒီနဲ့ မာမီရောက သိနေကြတာမို့"

အော်..............  ဒယ်ဒီနဲ့ မာမီပါ သိနေကြပြီကိုး။
ဒါဆို ခန့်ရွှေစည် ဒီလာတာကိုလည်း သိနေကြလောက်မှာပင်။ ဘာပဲဖြစ်ဖြစ်ပါလေ တစ်ခါတည်း နားဖောက်သွားလိုက်တော့မည်။

" ဟို အန်ကယ်နဲ့ အန်တီဗျ ဒါဆိုလည်း တစ်ခါတည်း နားဖောက်ပါရစေဗျ  ကျွန်တော်
ရလေးကို ရလေးဘွဲ့ရရင် လက်ထပ်ပါရစေဗျ "

" ဂိုးလ်.........."

ရရ အံ့သြလွန်းလို့ ဂိုးလ်ကို ခေါ်လိုက်မိသည်။
ရရကို ကြည့်ကာ ပြုံးပြနေသည့် လူကြီးသည်
ဒီကကောင်၏ နှလုံးသားကို ငလျင်တင်မဟုတ်တော့ လေဆင်နှာမောင်းပါ အတိုက်ခံရသလို ပြုစားလွန်းလေသည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now