"မုန့်ယန်တစ်ယောက်ပဲ အဲလိုကိစ္စမျိုးလုပ်မှာ၊ ဒါပေမဲ့ ကျွင်းချန်၊ မုန့်ယန်နဲ့လော့ရှန်း အဖေလက်ထပ်လိုက်တော့ မင်းနဲ့လော့ရှန့်ကြား တစ်စုံတစ်ရာထိခိုက်တာမျိုး မဖြစ်လောက်ပါဘူးနော်၊ တော်ကြာ မုန့်ယန်သာ လော့ရှန်းအဖေကို သွေးထိုး မြှောက်ပင့်ရင်..."

ဒီလူတွေက မုန့်ယန်နဲ့လုယွင်ကျင်း သူငယ်ချင်းတွေဖြစ်ခဲ့ဖူးကြတယ်။ ဒါပေမဲ့ မုန့်ယန်က လော့ရှန်းအဖေနဲ့လက်ထပ်ဖြစ်မယ် မထင်ခဲ့မိကြဘူး။ သူတို့အစောကြီး ဘက်ရွေးမိခဲ့တဲ့အတွက် နောင်တရကုန်ကြတော့တယ်။ မုန့်ယန်ရဲ့စရိုက်နဲ့ သူတို့ကိုတောင် မပြောနဲ့  သူ့အဖေကိုတောင် ဂရုစိုက်တော့တာမဟုတ်ဘူး။ သူတို့လည်းယွီကျွင်းချန်ဘက်မှာသာ ခိုင်ခိုင်မာမာရပ်လိုက်ရပြီး ယွီကျွင်းချန် လော့ရှန်းကို အောင်အောင်မြင်မြင်လက်ထပ်နိုင်ဖို့သာ မျှော်လင့်ရတော့တယ်။ မဟုတ်ရင် သူတို့အလဟဿ တိုက်ခိုက်မိသလိုဖြစ်သွားမှာပဲ။

တစ်ချို့လူတွေရဲ့ မိသားစုတွေက အခြေအနေကောင်းတယ်ဆိုရုံလေးပဲ။ အရင်တုန်းကဆို လုယွင်ကျင်းနဲ့ မုန့်ယန်တို့အခြေအနေထက်တောင်ဆိုးရွားခဲ့သေးတယ်။  လော့မိသားစုနဲ့ ယှဉ်ရင်တော့ အရမ်းကိုကွာခြားလွန်းတာမို့ လော့ရှိုးကို သူတို့တစ်ခါမှမမြင်ဖူးကြ။ လော့ရှိုးနဲ့လော့ရှန်းတို့က သားအဖဖြစ်တဲ့အတွက် ရုပ်ဆင်မယ်သာ ထင်နေကြတယ်။

"လော့ရှန်းအဖေက ငါတို့ စေ့စပ်ပွဲကို သဘောမတူတာမဟုတ်ဘူးလေ၊ ငါနဲ့လော့ရှန်းကြား ဆက်ဆံရေးက အရာအားလုံးကို ကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်တယ်။

တခြားသူတွေက တစ်ယောက်နဲ့တစ်ယောက် လှမ်းကြည့်ပြီး စကားဆက်တယ်။
"လော့ရှန်းက တစ်ဦးတည်းသား၊ ဒီအချိန်မတိုင်ခင်ထိ ပြန်တောင်မလက်ထပ်ရသေးတာ၊ သူ့မှာ လော့ရှန်းကို အားလုံးအမွေဆက်ခံဖို့အစီအစဉ်တော့ ရှိကိုရှိမှာ၊ သားအဖတွေပဲဟာ ဘယ်လိုလုပ် လွယ်လွယ်နဲ့ သွေးထိုးလို့ရမလဲ၊ လော့ရှန်းအဖေက နောက်ဆုံးကျ လော့ရှန်းရွေးချယ်မှုကို သေချာပေါက် လေးစားပေးမှာပဲ"

"ဟုတ်တယ်၊ မုန့်ယန်က သူလော့ရှန်းအဖေကို လက်ထပ့တာနဲ့တင် လော့ရှန်းနဲ့ ကျွင်းချန်ကိုခွဲလို့ရမယ်ထင်နေတာပဲ နေမယ်၊ လော့ရှန်းက ဒီနေ့ ကျွင်းချန်နဲ့စေ့စပ်လိုက်ပြီဆိုတော့ သူ့ဆုတောင်းက လုံးဝမဖြစ်နိုင်တော့ဘူး"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now