Epi - 34

2.2K 186 23
                                    


Unicode

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးပျော်စွာ ဆင်းလာကြသော သားနှစ်ယောက်ကြောင့် ဒေါ်မြတ်ခွါညိုရ တော်တော်ကို ပီတိဖြစ်နေပါသည်။

" မြတ် ပါးစပ်ထဲလည်း ယင်ကောင်ဝင်ဥအုံးမယ်
စိတ်ထိန်း စိတ်ထိန်း "

ဟောဗျာ...... အကောင်းလဲပြောရသေးတယ် လူကို မျက်စောင်းကြီးထိုးကာ သူ့သားတွေနားကို လျှောက်သွားလေသည်။

" သားတို့ သွားမယ်ဆိုလည်း သွားတော့ နေပူလာပြီ မဟုတ်ရင် ဘုရားပေါ် မတတ်နိုင်ပဲ နေလိမ့်မယ် "

" ဟုတ် အမေ သွားတော့မယ် အဖေ သွားပြီနော် "

အော်..... ကျွန်တော့်အသည်းညှာက တစ်ခါအပြင်သွားရင် အိမ်မှာရှိသမျှလူတွေကို ပတ်နှုတ်ဆက်တတ်သည်။

ဒီနေ့တော့ အသည်းညှာသည် သူ၏ ပြိုင်ကားရတနာလေးတွေကို မထိပဲ BMW ကားအနက်လေးကို ရွှေးလေသည်။ ကားနားရောက်တော့
ကျွန်တော်စီးမည့်ဘက် lover seatကို ကားတံခါးဖွင့်ပေးလေသည်။

မျက်လုံးလေးတွေပိတ်အောင် ပြုံးနေသည့် အသည်းညှာ၏ ပါးမို့မို့လေးကို အသာဆွဲဖျစ်လိုက်ပြီး lover seatမှာ ဝင်ထိုင်လိုက်သည်။
ပြီးမှ မောင်းရမည့် သူ့နေရာကိုထိုင်ကာ မောင်းထွက်လေသည်။

ကားမောင်းနေသည့် အသည်းညှာကို အပီအပြင်
ထိုင်ကြည့်နေမိသည်။ ဒါကို သိသည့်အသည်းညှာ
ကတော့ ပြုံးရုံသာ ပြုံးနေလေသည်။

" အခု သွားမှာက ရွှေမု​ေဋ္ဌာ ဘုရားကြီးဆီကိုနော်
ကြားဖူးလား မမပုသိမ်သူ သီချင်းကို အရမ်းနာမည်ကြီးတယ်လေ "

မမပုသိမ်သူ.........။ အဲ့သီချင်းကို အမှန်တိုင်းပြောရရင် ကျွန်တော်အဲ့သီချင်းကို မကြားဖူးပါ။
အသည်းညှာကိုလည်း မလိမ်ချင်သည်မို့ ခေါင်းသာ ခါပြလိုက်မိသည်။

" မကြားဖူးဘူးလား............ "

ပြောပြီး ဖုန်းလေးကို ထုတ်နေသော အသည်းညှာ။ ခဏအကြာမှာတော့ သံစဥ် ငြိမ့်ငြိမ့်ကလေး
နှင့်အတူ တေးသံရှင် ပိုးအိစံပြန်လည်သီဆိုထားတဲ့ မမပုသိမ်သူ သီချင်း ထွက်ပေါ်လာလေသည်။
ထို့အတူ ကျွန်တော့်နှလုံးသား၏ အေးရိပ်မြုံလေးကပါ အသံတည်တည်ငြိမ်ငြိမ်လေးနဲ့ ကြည်ကြည်အေးအေးလေး ထွက်လာလေသည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now