"Systemနံပါတ် W-XH3771အား ၁၈ကြိမ်မြောက်ပြန်လည်အသက်သွင်းနေပါပီ။အသက်သွင်းမှုကျဆုံးပါတယ်"
အကြိမ်ကြိမ်ကျဆုံးပီးနောက် တက်ကြွပီးချစ်ဖို့ကောင်းတဲ့အသံလေး ၁သံကထိန်းချုပ်မှုစခရင်ထောင့်နားက ပေါ်လာပါတော့တယ်။

"ဂုဏ်ယူပါတယ်။Systemနံပါတ် W-XH3771က ပစ်မှတ်ရဲ့အချက်အလက်ဌာနနဲ့ပေါင်းစည်းသွားပါပီ။ပေါင်းစည်းမှုအောင်မြင်ပါတယ်"
စောစောက ယောက်ယက်ခတ်ပီး ခ၀ါသည်လင်ပျောက်သလိုဖြစ်နေတဲ့လူအုပ်ကြီးဟာ မီးကိုရေနဲ့ငြှိမ်းလိုက်သကဲ့သို့ငြိမ်ကျသွားတယ်။

"ဒေတာများစတင်စုဆောင်းနေပါပီ။စုဆောင်းမှုပီးပါပီ။စမတ်ကျတဲ့3771လေးရောက်ရှိလို့လာပါပီ"
တကယ်ကSystemကဒေတာတွေကိုဌာနချုပ်ကိုအရင်ပို့ရမှာလေ၊အခုကနတ်ဆိုးဘုရင်အဓိက၀ိဉာည်ရှိတဲ့ အချက်အလက်ရုံကိုတန်းပို့လိုက်တာလား။စမတ်ကျလှပါချည်ရဲ့ဆိုတဲ့ နောက်ဆုံးပေါ်အဆင့်မြှင့်ထားတဲ့Systemဆိုတဲ့ဟာကလေ။

"ဒင်းဒေါင်! သင့်ရဲ့စမတ်ကျတဲ့ပရိုဂရမ်3771လေးစတင်နေပါပီ။စမတ်ကျတဲ့Systemသေးသေးလေး လိုင်းပေါ်ရောက်ရှိလို့လာပါပီ"
အဲ့အသံလည်းကြားရော ဒါရိုက်တာဟာသေမိန့်ပေးခံရတဲ့လူလိုဖြစ်သွားရှာတယ်။သူအားလျော့စွာနဲ့ပဲ ထိုင်ခုံပေါ်ပစ်လဲကျသွားလေရဲ့။

နတ်ဆိုးရဲ့အဓိက၀ိဉာဥ်အစိတ်အပိုင်းက အားနည်းပီးမပြည့်စုံပေမယ့်လည်း ကမ္ဘာတွေဆီကအခြားအစိတ်အပိုင်းတွေနဲ့ပေါင်းလိုက်ရင် စွမ်းအားကြီးလာနိုင်တယ်။
အခုလိုကမ္ဘာတွေထဲမှာ လွှမ်းမိုးပိုင်ခွင့်ရသွားတာ နောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာ တွေးတောင်မတွေးရဲတော့ဘူး။

ကားလမ်းမကြီးပေါ်မှာ အနက်ရောင်ကားတစ်စီးဟာ ဖြေးဖြေးမှန်မှန်သွားနေတယ်။
ကားမောင်းနေတဲ့ ကျင်းခဲ့ဟာနောက်ကြည့်မှန်ကတဆင့် ကားနောက်ခုံကလူကိုကြည့်လိုက်တယ်။
အနက်ရောင်၀တ်စုံပြည့်နဲ့ လူဟာဘယ်သူနဲ့မှမတူတဲ့ အရှိန်အ၀ါတွေ၀န်းရံထားတယ်။
သူ့ပုံစံကအေးစက်တယ်ထင်ရပေမယ့်
မျက်၀န်းထဲကအံ့အားသင့်မှုနဲ့သံသယအရိပ်အရောင်တွေကိုသာမြင်လိုက်ရရင် အန္တရာယ်အရမ်းများတဲ့သူဆိုတာဘယ်သူမဆိုပြောနိုင်တယ်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now