ကုရှီးယွီအတွက် သူတို့ဌာနဘက်ကစီစဥ်ပေးထားတာက ပစ်မှတ်နဲ့ကမ္ဘာတွေရဲ့အသေးစိတ်အချက်အလက်တွေပေးနိုင်တဲ့ နောက်ဆုံးပေါ်အဆင့်မြှင့်ထားတဲ့Systemလေ။
သူ့ရဲ့ပစ်မှတ်နဲ့သက်ဆိုင်တဲ့တာ၀န်တွေကို အသင့်လျော်ဆုံးဖြစ်အောင်တွက်ချက်ပေးထားတာ။
အဲ့SystemကHostဖြစ်တဲ့ဂူရှီးယွီနဲ့ပေါင်းစည်းရမှာလေ၊ဘယ့်နှယ်လူမှားပီး
သွားပေါင်းရတာတုန်း။

"ကျ ကျနော်ဆိုလိုတာ ခေါင်းဆောင်ကုနဲ့ရှိနေတဲ့အရံSystemကိုပြောတာမဟုတ်ဘူး။ပုံမှန်ဆို Main Systemကအချက်အလက်ဌာန Eကိုသွားရမှာ၊ဌာနချုပ်နဲ့ခေါင်းဆောင်ကြား အဆက်အသွယ်ရအောင်နဲ့ ဒေတာတွေအသေးစိတ်စီစဥ်ဖို့လုပ်ရမှာ။ကျနော်လည်းမသိတော့ဘူးဗျာ။အခုက အချက်အလက်တွေကိုအခြားဆီပို့နေသလိုပဲ"

တာ၀န်ရှိတဲ့၀န်ထမ်းလေးဟာ ခေါင်းကိုငုံ့ထားပီး ငိုသံရီးနဲ့"ကျနော်တို့ ဒေတာပို့တာစောင့်နေတာ၊တကယ်ဆို ဆက်သွယ်ရေးဌာနချုပ်ကိုအရင်ပို့ပီးမှ အချက်အလက်ဌာနခွဲကိုပို့ရမှာ။အခုကကျတော့ Main Systemကအချက်အလက်ဌာနခွဲXကိုတန်းပို့လိုက်တယ်"

သူက အဓိကအချက်အလက်ဌာန၂၆ခုရှိတယ်။အဲ့၂၆ခုအောက်မှာမှ အချက်အလက်ဌာနခွဲတွေအများရီး ကွဲသွားတာ။
အချိန်နဲ့ယန္တရားဌာနချုပ်လို သူ့အောက်မှာဌာနခွဲတွေအများရီးရှိသလိုပဲ။
အချက်အလက်ဌာနခွဲတခုက ဌာနချုပ်နဲ့ချိတ်ဆက်ထားတဲ့အဓိကအချက်အလက်ဌာန၁ခု အောက်မှာရှိတယ်။အချက်အလက်ဌာနခွဲXက လွဲလို့ပေါ့။

နတ်ဆိုးဘုရင်ရဲ့၀ိဉာည်အစိတ်အပိုင်းတွေက ကမ္ဘာငယ်တွေထဲကွဲထွက်သွားပေမယ့် အဓိက၀ိဉာည်အစိတ်အပိုင်းက
အချက်အလက်ဌာနခွဲXကိုရောက်သွားတယ်။
သူ့မှာအဲ့ဌာနခွဲကိုထိန်းချုပ်လို့ရသွားပေမယ့် အားနည်းနေတော့မထွက်ခွာနိုင်ဘူး။
ပီးတော့ဌာနခွဲXရဲ့Mainဌာနကလည်းဖြတ်တောက်ထားတာကြာလှပီ။
အဲ့တော့နေရာလွတ်ကြီးလိုပဲ၊သူဘာမှလုပ်လို့မရဘူး။

တာ၀န်ထမ်းဆောင်သူရဲ့Systemလုပ်ငန်းအဆင့်ဆင့်က ပုံမှန်ဆိုဌာနခွဲကနေ Mainဌာနကိုသွား၊ပီးမှဌာနချုပ်ကနေပီး မစ်ရှင်တွေစစ်ဆေး ပြီးမြောက်မှုရလာဒ်တွေတွက်ချက်၊ပီးမှတာ၀န်ထမ်းဆောင်သူတွေဆီ အကြောင်းပြန်ရတာပါ။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now