တဖက်လူဘာပြန်ပြောမှန်းမသိပေမယ့် မိန်းက​လေးကမျက်လုံးကိုလှိမ့်လိုက်ပီး"
ဟိုအငယ်ဆုံးသားဆိုတဲ့ကောင်ကိုဘယ်လိုလုပ်မလဲ၊သူ့အဖေကရော ဘာတွေပေးတာတွေ့လို့လဲ။
အရင်ကမီဒီယာတွေရှေ့မှာကျ အဲ့သားကိုမရှိသလိုဘာလိုနဲ့ လုံး၀လေသံတောင်မဟဘူး။အခုလည်းအဲ့သားကို သဘောကျတဲ့ပုံမပေါ်ပါဘူး၊သူသေသွားရင်တောင် ဘာမှပေးခဲ့မယ့်ပုံမပေါ်ဘူး။"

"ပီးတော့ ဒင်းကလည်းလွန်ခဲ့တဲ့နှစ် မတော်တဆမှုဖြစ်ပီးကတည်းက မီဒီယာတွေရှေ့မှာပေါ်မလာတော့ဘူးလေ။
သူအဲ့မတော်တဆမှုကြောင့် တအားထိခိုက်သွားတယ်လို့ကြားတယ်။
အောက်ပိုင်းသေပီးဒုက္ခိတဖြစ်သွားရုံမကဘူး၊ဟိုဟာပါ မစွမ်းတော့ဘူးဆိုလားပဲ။
အဟင်း...သိတယ်မလား၊အဲ့ဟာသာအမှန်မဟုတ်ရင် သူဘာလို့အောင်မြင်နေတောင် တကိုယ်တည်းဖြစ်နေတာတုန်း"

သူမရဲ့လှိုင်းတွန့်ဆံပင်ကို လက်နဲ့ဆော့ကစားနေရင်း စိတ်ဆိုးလာတဲ့အမူအရာနဲ့"အမှန်ပြောရရင် ငါကသူ့တူကိုပိုစိတ်၀င်စားတာ၊ သူကရုပ်လည်းချောတယ်၊အရည်အချင်းလည်းရှိတယ်ဟ။
ဘယ်လိုလုပ်ရမလဲ၊ငါအဲ့ကြင်ဖက်တွေ့တာ လုံး၀မသွားချင်ပါဘူးဆို"
သူမဗျစ်တောက်ဗျစ်တောက်ပြောနေစဥ်မှာပဲ ကောင်တာနားမှာတွေ့တဲ့လူချောလေးဟာ ရုတ်တရက်သူမရှေ့ရောက်လာတယ်။

သူမခဏလောက်မှင်သက်သွားပီး ဖုန်းချလိုက်တယ်။တဖက်သူရဲ့မျက်၀န်းလှလှနဲ့ဆုံပီးတဲ့အခါမှာတော့ သူမကသိမ်သိမ်မွေမွေ့လေးပြောလိုက်တယ်"ဟဲ ဟဲလို"

တချိန်တည်းမှာပဲ တဖက်မှာရှိတဲ့အချိန်နဲ့ယန္တရားဌာနချုပ်မှာ ကမ္ဘာပျက်မတတ်ပရမ်းပတာတွေဖြစ်နေတယ်။
"Systemနံပါတ် W-XH3771 အား၁၇ကြိမ်မြောက် ပြန်လည်အသက်သွင်းနေပါပီ၊အသက်သွင်းမှုကျဆုံးပါတယ်။"
ထိန်းချုပ်ခန်းကလူတွေအကုန် ပျာယာခတ်ကုန်ကြတယ်။
Systemရဲ့မိန်းကလေးလိုအသံက အချက်အလက်တုံ့ပြန်မှုတွေ ထပ်ခါထပ်ခါထွက်ပေါ်လာလေ အားလုံးရဲ့မျက်နှာပေါ်ကစိုးရိမ်မှုတွေ ပိုများလာလေ။

သူတို့ပိုစိုးရိမ်လေ ကိုင်တွယ်ဖို့ပိုခက်ခဲလေပါပဲ။
ပြဿနာအစက ကုရှီးယွီတာ၀န်ထမ်းဆောင်ဖို့ စ ထွက်သွားတဲ့အချိန်ကတည်းကပါ။
"လခွမ်းပဲ၊ ခေါင်းဆောင်ဆီအချက်အလက်ပို့မယ့်Systemက မှားပီးပစ်မှတ်နဲ့ပေါင်းသွားပီ"
ဒါရိုက်တာက ထိုင်နေရာကခုန်ထလိုက်ပီး "ဘာရယ် Systemကမှားပီး ပစ်မှတ်နဲ့ပေါင်းစည်းသွားတယ်ဆိုတာ ဘာသဘောတုန်း"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now