"ငါတို့ဘယ်သွားကြမလို့လဲ?"

"ဗိုက်ဆာလား?"

အဲ့ဒီတော့မှ သူရက်အတော်ကြာမစားမသောက်
ရသေးတာကို မစ်ခ်မွန်းစတားအမှတ်ရတယ်။

"အင်း!" သူ ခေါင်းညိတ်ပြလိုက်တယ်။
စိတ်လှုပ်ရှားလွန်းလို့ ခေါင်းတောင်ပေါ့သွားသလိုပဲ။

သူဘာလို့စိတ်လှုပ်ရှားနေရတာလဲ? ဗိုက်ဆာနေလို့
ဖြစ်မယ်.....

သူတို့ ပန်းခင်းကြီးဆီရောက်တဲ့အချိန်
ဝါးတားမယ်လွန်ခမျာ ပင်ပန်းစပြုနေပြီ။

သူတို့ဟာ မိန်းမလှတစ်ယောက်ရဲ့နှုတ်ခမ်းတစ်စုံလို၊
သွေးရောင်လို ရဲရဲတောက်နေတဲ့နှင်းဆီပန်းပွင့်ချပ်
တစ်ခုပေါ် ရပ်တန့်လိုက်ကြတယ်။

"ငါတို့ဘာစားကြမှာလဲ?"

မစ်ခ်မွန်းစတားလေးဟာ ပွင့်ချပ်ကြီးပေါ်ထိုင်ရင်း
မေးလိုက်တယ်။

"ပျားရည်"

"ပျားရည်?"

မေးခွန်းမဆုံးသေးခင်မှာ ဝါးတားမယ်လွန်က
ပန်းပွင့်ရဲ့အလယ်ထဲဒိုင်ဗင်ထိုးချသွားတယ်။

သူပြန်ပေါ်လာတော့ မစ်ခ်မွန်းစတားလေးက
စိတ်လွင့်နေတယ်။

ဝါးတားမယ်လွန်ကို သူမြင်တော့ မေးလာတယ်။

"စားစရာကဘယ်မှာလဲ?"

ဝါးတားမယ်လွန်က စကားမပြောဘူး။ သူက
ဖြည်းဖြည်းချင်းနီးကပ်လာပြီး သူတို့ပါးစပ်တွေက
အတူတကွထိစပ်သွားကြကာ မစ်ခ်မွန်းစတားကို
ပျားရည်ခွံ့ပေးလိုက်တယ်။

"မေမေ သူတို့ဘာလုပ်နေကြတာလဲဟင်?"
ပျားကလေးတစ်ကောင်က မေးလိုက်ပါတယ်။

"သူတို့ကနမ်းနေကြတာလေ ကလေးရဲ့"

ဟုတ်တယ်။ သူတို့နမ်းခဲ့ကြတယ်။ ပထမဆုံးအနမ်း
ပေါ့။

ခြင်ကလေးနှစ်ကောင်ရဲ့ပထမဆုံးအနမ်းပေါ့။

မစ်ခ်မွန်းစတားလေးဟာ စားစရာကို အူတူတူနဲ့
လက်ခံလိုက်တယ်၊ ဒါပေမဲ့သူ့တစ်ကိုယ်လုံး
ပူလောင်နေသလိုပဲ။

သူ့ခေါင်းလေးကို နောက်ပြန်ဆုတ်လိုက်ပြီး၊
"ပူလိုက်တာ"

(COMPLETED) ခြင်ထီးလေးနှစ်ကောင်ရဲ့ပုံပြင် [ဘာသာပြန်] Where stories live. Discover now