part-1 (Unicode)

1.5K 221 26
                                    

6 လပိုင်း 4 ရက်နေ့။

ကလေးအကောင်နှစ်ထောင်စီရှိတဲ့ ခြင်မကြီး
နှစ်ကောင်ရှိခဲ့တယ်။

ဒီပုံပြင်လေးရဲ့ခြင်ဇာတ်လိုက်တွေကတော့
အဲ့ဒီနှစ်ထောင်သောကလေးတွေထဲက နှစ်ကောင်ပါ။

မေမေနှစ်ယောက်ကြားက နက်ရှိုင်းလှတဲ့
သူငယ်ချင်းသံယောဇဉ်ကြောင့်
ဒီခြင်လေးနှစ်ကောင်ရဲ့ဥတွေဟာ ဘေးချင်းကပ်ရပ်
ဖြစ်ခဲ့ကြတယ်။

ဥသေးသေးလေးနှစ်လုံးထဲမှာ သေးငယ်လှတဲ့
အသက်လေးနှစ်ချောင်း၊ အသက်ရှူသံနှစ်စုံနဲ့
နှလုံးခုန်သံနှစ်ခု နေထိုင်လျက်ရှိတယ်။

သူတို့ဟာအိပ်ပျော်နေကြတုန်းပါပဲ။

ညမှောင်လာတဲ့အချိန်မှာ ဥလေးတစ်လုံးက
လှုပ်ရှားတဲ့အရိပ်အယောင်တွေပြလာတယ်။

အတွင်းကအကောင်လေးဟာ​ ကောင်းကင်ကြီးဆီ
ဆန့်ထုတ်လိုက်တယ်။

သူကခေါ်လိုက်တယ်။ "မေမေ" ဒါဟာ
ဒီကမ္ဘာကြီးမှာသူပထမဆုံးပြောခဲ့တဲ့စကားပါ။

ဒါပေမယ့် ခြင်ကလေးကသိပါ့မလား...သူ့မေမေဟာ
လူသားတစ်ယောက်ရဲ့လက်ဝါးချက်မှာ
သေဆုံးခဲ့ပြီဆိုတာကိုလေ။

လူသားတွေမှာ လူသားတွေရဲ့ဝမ်းနည်းခြင်းတွေ
ရှိကြတယ်။ ဒါကတော့ ခြင်ကလေးတစ်ကောင်ရဲ့
ဝမ်းနည်းခြင်းသေးသေးလေးကလွဲလို့ ဘာမှ
မဟုတ်ခဲ့ပါဘူး။

ခဏကြာတော့ သူ့ဘေးကဥကလေးဟာလည်း
လှုပ်ရှားစပြုလာတယ်။ ဟိုဟိုသည်သည်
ယိမ်းသွားတာကို ဘယ်သူကမှသတိပြုမိမှာ
မဟုတ်ပါဘူး....သူက အရမ်းကိုသေးငယ်လွန်းတယ်
လေ။

သူကပြောတယ်။ "မေမေလား?"
ဒါဟာ သူ့ရဲ့ပထမဆုံးစကားဖြစ်သလို
သူတို့ရဲ့ပထမဆုံးသောစကားဝိုင်းမှာ တုံ့ပြန်ခဲ့တဲ့
ပထမဆုံးစကားလည်းဖြစ်ခဲ့တယ်။

ဒါကကျွန်တော်တို့ပုံပြင်လေးရဲ့အစပါပဲ။
2006 ခုနှစ် ဇွန်လရဲ့ 4 ရက်မြောက်နေ့ပေါ့...။

ခြင် A ကနှုတ်ဆက်လိုက်တယ်။

"ဟိုင်း....မင်းကငါ့လိုပဲလား?"

ခြင် B ကပြန်ဖြေလိုက်တယ်။

"အင်း.....ငါတို့ကအတူတူပဲ"

(COMPLETED) ခြင်ထီးလေးနှစ်ကောင်ရဲ့ပုံပြင် [ဘာသာပြန်] Where stories live. Discover now