" အစ်ကို ဘယ်မှာလဲ "

" ငါ့အိမ်မှာငါနေနေတာပေါ့ဟ ဒီအချိန်ကြီး ဘယ်မှာရှိနေရမှာလဲ "

စွာလိုက်တဲ့ ရှေးဆက်ရန်း။ ဒါလေးမေးမိတာကို ရန်တွေ့ခံလိုက်ရတယ်။ဘာပဲဖြစ်ဖြစ် အိမ်မှာရှိနေတာမလို့ တော်ပါသေးတယ်။ စွာနေပုံထောက်ရင်တော့ ပြဿနာက ဝန်း ဖြစ်လောက်တယ်။
ဝန်း ကို စိတ်ဆိုးနေတာလား။

" ဘာကိစ္စဖုန်းကိုချချပစ်နေတာလဲ "

" မကိုင်ချင်လို့ကွာ "

အစ်ကို့ရဲ့ပင်ကိုဗီဇ အစွာဓာတ်ကလေးက ဒီနေ့မှာတော့ ပြန်ပေါ်လာခဲ့ပါပြီ။ အစ်ကို စိတ်ဆိုးနေရခြင်း အကြောင်းအရင်းကို ဝန်း ရိပ်မိသည်။ ဒါပေမယ့် ဖုန်းထဲမှာထက် အစ်ကို့ကို ပွေ့ဖက်ပြီး
ဒီကိစ္စအတွက် အစ်ကိုဝမ်းနည်း​နေဖို့
မလိုကြောင်း အနမ်း​တွေ တဖွဖွပေးရင်း
ပြောပြချင်သည်။

" ဘာကိစ္စမကိုင်ချင်ရတာလဲ "

အစ်ကို့ကို ဝန်း လိုအပ်နေသော်လည်း ဖုန်း ချချပစ်တဲ့အတွက် နည်းနည်း စိတ်ဆိုးချင်သေးတယ်။
လောလောဆယ်တော့ ဝန်း ရဲ့ အသံသည်လည်း အစ်ကို့နည်းတူ မာကြောကြောပင်။

" ကျစ်! ငါနားချင်ပြီ ဒါပဲ "

အစ်ကိုက ကြည့်ရတာ နည်းနည်းလေးတောင်မှ ဝန်းနဲ့ စကားပြောချင်စိတ် မရှိဘူးထင်တယ်။

တစ်နေ့လုံး အစ်ကို့အကြောင်းကိုသာ တွေးနေပြီး လွမ်းနာကျနေတဲ့လူကို စကားပြောခွင့် မပေးချင်တဲ့ အစ်ကိုက ဖုန်းချဖို့သာ အားသန်နေတာကြောင့် စိတ်တွေက အစိုးမရတော့။

" ကျွန်တော့်ကို စိတ်ဆိုးနေတာလား အစ်ကို... ကျွန်တော်တို့ တွေ့ပြီးစကားပြောကြရအောင်လေ... အစ်ကို့ဆီ ကျွန်တော် လာခဲ့မယ် "

" မလာနဲ့ မတွေ့ချင်ဘူး ဘာစကားမှလည်း မပြောချင်ဘူး "

" ရှေးဆက်ရန်း ! "

" ဘာလဲ ရှိန်းမြင့်မိုရ်ဝန်း ! "

အော်လာတဲ့ အသံက ဆို့နစ်ကြေကွဲနေတဲ့ အသံ။ အစ်ကို ဘာလို့ အရမ်းခံစားနေရတာလဲ။ ဝန်းက အစ်ကို့အတွက်ပဲဆိုတာ အစ်ကို မေ့လျော့နေတာလား။

When You Find Lost Love AgainWhere stories live. Discover now