Reflection💞

Começar do início
                                        

"ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူးဗျ..."

လူပုံစံက တိုင်းရင်းသားတို့၏ထုံးစံအတိုင်း အပေါ်ယံမပါ ဟန်ဆောင်မှုမရှိဘဲ လေသံတွေကပင် ရိုးသားဖြောင့်မတ်မှန်းသိသာစေကာ ရိုးရိုးအင်္ကျီနှင့်တောင် ထင်းထွက်နေသောသူမ၏ပုံစံကြောင့် အနည်းငယ်ရွံ့တွန့်တွန့်ဖြစ်နေဟန်လည်းရှိသည်။ရွှေခေတ်သည် ပြုံးနေကျအတိုင်း ပေါ့ပါးလွတ်လပ်စွာပြုံးပြလိုက်ကာ ချိုသာလှသောအသံလေးဖြင့်ပင်

"စိုင်းအာကာမိုးတို့အိမ် ဟုတ်လားမသိဘူးရှင့်..."

သူမ၏အမေးကို ထိုဦးလေးကြီးက ကမန်းကတန်းခေါင်းညိတ်၍

"ဟုတ်ပါတယ် ပီစိုင်းရဲ့အိမ်ပါဗျ။သမီးက ဘယ်သူလဲမသိဘူး..."

"အဟင်း ဟုတ်ကဲ့ ကျွန်မက ပီစိုင်းတို့အလုပ်ကပါ...။ဒီနားကိုရောက်ဖြစ်တုန်း ပီစိုင်းအိမ်က ဒီနားလေးတင်ပဲဆိုတာ ပြောပြထားတော့လေ လမ်းကြုံတုန်းမို့ ဝင်လာလိုက်တာ...။လေးလေးက ပီစိုင်းရဲ့အဖေထင်တယ်..."

"အော် အလုပ်ကကိုး...။ဟုတ်ပါတယ် အဘက ပီစိုင်းရဲ့အဖေပါ...။ဒါက သူ့ညီမလေး...ရှစ်တန်းပဲရှိသေးတယ်...။လာပါ အိမ်ထဲထိုင်ပါဦး သမီး..."

သူမက အိမ်ထဲဝင်ထိုင်၍ သားအဖနှစ်ယောက်နှင့်အတူ အတန်ကြာအောင် စကားပြောဖြစ်ကာ ပြန်ကာနီးတွင် ပါလာသောအားဖြည့်စာများနှင့် ဆေးဝါးများကို လက်ဆောင်ပေးသည်။အတန်တန်ငြင်းသော်လည်း သူမကို ဆွေမျိုးသားချင်းလိုသဘောထားရင် ယူပါဟုပြော၍ အားနာရလောက်အောင် အခေါက်ခေါက်အခါခါပေးသည့်အခါမှပင် ယူထားလိုက်ကာ ဆုတွေအတန်တန်ပေးသည်။ယဉ်ကျေးချိုသာစွာနှင့်ပြောဆိုဆက်ဆံကာ ခင်မင်ဖွယ်ရာကောင်းသော ပေါ့ပေါ့ပါးပါးပုံစံကြောင့် ကောင်မလေးက ပြန်သည့်အချိန်အထိ သူမလက်ကိုမလွှတ်။ကားရပ်ထားရာနေရာဆီသို့ လိုက်ပို့ကာ သူမမောင်းထွက်လာသည်အထိ မျက်စိတစ်ဆုံးငေးကြည့်ပြီး ကျန်ခဲ့ရှာသည်။

ဟိုတယ်ကို သူမပြန်ရောက်ချိန်တွင် နေ့လည်စာစားချိန်ရောက်နေပြီဖြစ်သောကြောင့် သူ့အခန်းဆီကိုပဲ lunch အတူစားရန် တန်းသွားလိုက်တော့သည်။တံခါးဖွင့်ပြီးဝင်လိုက်သည်နှင့် အလုပ်ရှုပ်နေဟန်တူသောသူက သူမကိုမြင်လျှင် ချက်ချင်းပြုံးသွားသောမျက်နှာနှင့်အတူ အလုပ်လုပ်နေရာမှထလာသည်။ထို့နောက် ရင်ခွင်ထဲဆွဲသွင်း၍ ပါးလေးကိုတစ်ချက်နမ်းရင်း

You are the only Exception!Onde histórias criam vida. Descubra agora