_______________

_____________

မရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုမှ စိမ်းသက်စွာ နိူးထလာခဲ့သည်။ မနေ့ညက ပျော်ကြပါးကြ တာကိုဘဲ မှတ်မိပြီး သူသန့်စင်ခန်းဝင်တဲ့ အထိဘဲ မှတ်မိပြီး အဲ့ဒီက နောက်ပိုင်း ကိစ္စတွေကို ဘာမှ မမှတ်မိတော့ချေ။

ကိုက်ခဲလာသည့် ခေါင်းကို တစ်ချက် လက်ဖြင့်ကိုင်ကာ ခန္ဓာကိုယ်ကို အားယူပြီး ထိုင်လိုက်သည်။ ခန္ဓာကိုယ်တွင် ဝတ်ထားသည့် အဝတ်အစားတွေက မနေ့က Jay ပေးတဲ့ အဝတ်တွေ မဟုတ်တော့ဘဲ သာမာန် ရေချိုးခန်းသုံး အကျီ သာဖြစ်နေသည်။

ဒါဆို သူ့ကို အဝတ်အစားလဲပေးခဲ့တာဘယ်သူလဲ? အခုရောက်နေတဲ့ နေရာကလည်း ဘယ်နေရာလဲ? သေချာတာ တစ်ခုက Jay ရဲ့ အိမ်မဟုတ်တာဘဲ။

အမူးပြေဟင်းရည်အနံ့နှင့်အတူ အခန်းတံခါးပွင့်လာပြီး မနေ့ညက တွေ့ခဲ့သည့် ငွေရောင်ဆံပင်နဲ့သူ လက်ထဲတွင်လည်း အငွေ့တထောင်းထောင်း ထနေသည့် ပဲပင်ပေါက်ဟင်းရည် ခွက်ကိုကိုင်လျက် သူ့အနားကို လျှောက်လာသည်။

" အော် အကိုတောင် နိုးနေပြီပဲ  ဒီမှာ ဟင်းရည်သောက်လိုက်အုန်း အမူးပြေအောင်လို့ မနေ့ညက အရမ်းတွေသောက်ထားတာ မဟုတ်လား"

ဖြူစင်လှတဲ့ အပြုံးလေးတွေကို ပြုံးရင် မှိတ်မှိတ်သွားသည့် မျက်လုံးလေး‌တွေ ဆင်းသွယ်လှသည့် နှာတံလေးတွေ ပြုံးလောက်သည့်အခါပေါ်လာသည့် ပါးပြင်ဖောင်းဖောင်းလေးတွေကို တစ်ချိန်က အရမ်းရင်းနှီးခဲ့ဖူးသလိုဘဲ

" ဟို ဒါနဲ့ ကျွန်တော့ကို ဘယ်ကိုခေါ်လာတာလဲ ပြီးတော့ ဘယ်သူလဲ ကျွန်တော် ပြန်မှ ဖြစ်မယ် အိမ်က စိတ်ပူနေတော့မယ် "

ခြုံထားသည့် စောင်ကို ဆွဲလှန်ရင်း ခုတင်ပေါ်က ထမယ် အလုပ် လက်ကောက်ဝတ်ကို ရစ်တွယ်လာသည့် နောက်ထက် လက်တစ်စုံ။
တစ်ခဏ အတွင်း ငွေရောင်ဆံနွယ်တွေရဲ့ပိုင်ရှင်ရဲ့ အုပ်မိုးမှုက်ု ခံလိုက်ရသည့် ဂျယ်ယွန်း

သူ့ကို အပေါ်ကနေ အုပ်မိုးပြီးကြည့်နေသည့် ထိုသူရဲ့ အကြည့်တွေက နူးညံ့မနေခဲ့။

" ဒီလို ဘယ်ထွက်သွားလို့ရမလဲ ဟ  အကို မနေ့ညက ကျွန်တော့ကို လုပ်ခဲ့တာတွေအတွက် တာဝန်ယူရမယ် "

Love is you | DOUBLE JWhere stories live. Discover now