Epi - 32

2.1K 179 18
                                    

Unicode

မထင်မှတ်ထားစရာ ရလေး၏ အကြင်နာကိုရပြီးနောက် ခန့်ရွှေစည်အပျော်တွေကို ဖုံးဖိလို့မရတော့။ ကမ်းနားဘေးမှာ မတ်တပ်ရပ်နေသည့်
ရလေးကို ကျွန်တော် အနောက်က ထွေးပွေ့ထားလိုက်သည်။ ရလေးကလည်း မရုန်းသည်မို့
ရင်တွေတကယ်ကို ခုန်ရပါသည်။

ဂိုးလ်၏ မိုးထိုးနေသော အရပ်ကြီးနှင့် ရရကို အနောက်က သိမ်းကျုံးဖက်ထားသဖြင့် ရရ ပျော်ရသည်။ နှလုံးသားလေးလည်း မြစ်ကမ်းကလေတိုက်တိုင်း လာရိုက်သည့် လှိုင်းကလေးတွေ
လို ခုန်ပေါက်နေသည်မှာ ဧကန်အမှန်။

" နောက်ကျနေပြီ  အိမ်ပြန်ရအောင် အသည်းညှာ "

အသည်းညှာ.............။ ဂိုးလ် အဲ့လိုခေါ်တိုင်း ကြည်နူးမိသည်။

" ဟုတ် ဂိုးလ် "

ဂိုးလ်.......။ ရလေးအဲ့လို တစ်ခါခေါ်တိုင်း ကျွန်တော်ဆိုသည့် ခန့်ရွှေစည် ဘောလုံးပွဲထဲ ရောက်သွားသလို အဲ မှားလို့ ရင်တွေ ခုန်သွားတယ်လို့။

ရလေးမောင်းသည့်ကားလေးသည် ပုသိမ်လမ်းမကြီးထက်တွင် အလာတုန်းကနှင့်မတူတော့ပဲ အရှိန်နှုန်းပုံမှန်ဖြင့် မောင်းနှင်နေလေသည်။

အိမ်ပြန်ရောက်တော့ ကားကို ဂိုထောင်ဆီထည့်ပြီး ရလေး၏လက်ကလေးကို ကိုင်ကာ အိမ်ထဲဝင်လာတော့ အိမ်ဝမှာ ယောက္ခထီးကြီးနှင့် ယောက္ခမကြီးတို့နှစ်ယောက်လုံး စောင့်နေလေသည်။

" ဟယ် သားတို့ရယ် နောက်ကျလိုက်တာ အယ် သားစည်က ဘာလို့ သားငယ်လေးလက်ကို ကိုင်ထားတာတုန်း "

" ဟို ရလေး ပျောက်သွားမှာစိုးလို့ပါ အန်တီ "

အဟမ်း....... ဒီလိုပဲ ဖြေတတ်ရတာပေါ့။

ရရ ရယ်ချင်နေသည့်စိတ်ကို မနဲအောင့်အီးသည်းခံထားရသည်။
မဖြစ်တော့ဘူး။ အမြန် အိမ်ပေါ်ထပ်ရောက်မှ အဆင်ပြေမည်မို့

" နောက်ကျနေပြီ အဖေနဲ့ အမေလည်း နားတော့လေ သားတို့လည်း အပေါ်တက်နားတော့မယ် "

အော်..... ဒီကလေးနှယ် သားစည်လက်ကြီးကို ဆွဲသွားလိုက်တာ တန်းနေတာပဲ အဲလေ အတင်းကို
ဆွဲခေါ်သွားတော့တာပဲ။ ဟိုကလည်း ဘုမသိဘမသိ ကြောင်တောင်တောင်နဲ့ ပါသွားရတာပါပဲ။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now