"ဟောဒီမှာ ကြက်ကြော်တွေရမယ်နော်.....။ ကြွပ်ကြွပ်ရွရွလှလှပပ.........။

ကြက်ပေါင်နှစ်ခုဝယ်ရင် ချစ်တဲ့သူနဲ့ဆုံရပြီး ဘဲမရှိတဲ့သူတွေ ဘဲရမယ်...

ကြက်မရှိတဲ့သူတွေ ကြက်ကြော်ရမယ်....ဟာဒီမှာ ကြက်ပေါင်......"

သစ်လည်းထိုအသံကိုကြားကြားချင်း ဘယ်သူမှန်းတန်းသိကာ ရယ်ချင်သွားပြီး ထိုကြက်ကြော်ဆိုင်ကို လိုက်ရှာလိုက်သည်။ သစ်ထင်ထားတဲ့အတိုင်းပင်....။

"ချမ်း........နင်မှဟုတ်ပါ့မလားလို့......."

"ချမ်းကရယ်ကျဲကျဲနှင့် သစ်ကိုပြောင်ပြရင်း နောက်ကိုကြည့်လိုက်တော့ ဟိန်းကိုတွေ့ကာ အလွန်အံ့သြသွားသည်။

"ဟယ်.......ဟိုကောက်ညှင်းပေါင်းအစ်ကိုကြီး......."

ဟိန်းက စာတွင်လောက်သော ချမ်းရဲ့မှတ်မိပုံကြောင့် ရယ်ချင်သွားကာ..

"နာမည်မှတ်ထားတာကြီးလည်းဗျာ...."

ချမ်းလည်းရယ်လိုက်ပြီး သစ်ဘက်လှည့်ကာ .....

"နင်တို့ဘယ်လိုပြန်ဆုံခဲ့တာလဲ...."

"တာဝန်ကျတဲ့နေရာမှာတွေ့တာ......"

ရုတ်တရက်မင်းထက်က လတ်လတ်ဆတ်ဆတ်ကြော်ထားသော ကြက်ပေါင်တွေကိုဗန်းထဲထည့်ကာ သယ်လာရင်း လေးယောက်ဆုံကြသည်။

မင်းထက်ကဟိန်းကိုတွေ့တော့ ဝမ်းမြောက်သည့် အပြုံးမျိုးဖြင့်ပြုံးပြကာ သစ်ကိုကြည့်လိုက်သည်၊ သစ်ကမင်းထက်ကို အကြည့်တစ်ချက်ဖြင့်သာ အသိအမှတ်ပြုလိုက်ပြီး.....

"ငါတို့လေးယောက်အတူတူ ပွဲစျေးရောက်ဖူးသေးတယ်လေ ...
မှတ်မိလား..........."

"ဘယ်မေ့ပါ့မလဲ.......အဲ့ဒီနေ့ကနောက်ဆုံးလေ......."

ချမ်းက တစ်ခုခုကိုအမှတ်ရသည့်အနေဖြင့် ခဏတာငြိမ်သက်သွားပြီး အားတင်းပြုံးလိုက်သည့်ပုံပေါ်သည်။

"နင်တို့တွေ ပြန်ဆုံကြတာ ငါတကယ်ဝမ်းသာပါတယ်........."

ဟုဆိုရင်း ချမ်းက ကြက်ကြော်တွေကို အိတ်ကြီးကြီးနှင့်ထည့်ကာ ပေးလိုက်သည်၊ သစ်တို့နှစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားကြသည်၊

ပျော်ရွှင်သော သူနှစ်ယောက်၏ကျောပြင်ကို ကျန်ခဲ့သောသူနှစ်ယောက်က ငေးနေခဲ့သည်၊

ပြန်သာတွေ့ခဲ့ရင် တစ်စုံတစ်ယောက်ကြောင့် တစ်စိတ်တစ်ပိုင်းလေး ရင်ခုန်ခဲ့ဖူးကြောင်းကိုဝန်ခံဖို့ တွေးထားခဲ့တာ...၊ တကယ်တော့ ဒီအခြေအနေလေးဟာ အကောင်းဆုံးပါဘဲ.......ဟုချမ်းစိတ်ထဲမှာတွေးရင်း ပြုံးလိုက်သည်။

ချမ်းကမင်းထက်ကိုလှမ်းကြည့်တော့ မင်းထက်ကမလှုပ်မယှက် ရပ်ငေးရင်းမျက်ဝန်းထဲမှာ မျက်ရည်ဥတွေ သီးခိုနေသည်။ ချမ်းကသက်ပြင်းချကာ မင်းထက်ပုခုံးကို ခပ်ဖွဖွပုတ်ကာ.......

"နင်အဆင်ပြေရဲ့လား....."

မင်းထက်ကမျက်နှာလွှဲကာ ကောင်းကင်ကို‌မော့ကြည့်လိုက်သည်။မျက်ရည်တွေကို ထိန်းထားဖို့အကောင်းဆုံး နည်းလမ်းပင်.......။

ငယ်ငယ်တုန်းက လက်လှမ်းမမှီတဲ့ပန်းလေးတစ်ပွင့်ကို ခူးဖို့ခြေဖျားထောက်ပြီး ရအောင်ကြိုးစားဖူးတယ်....။

အရှိန်မထိန်းနိုင်ဘဲ မြေပေါ်ကိုဘုတ်ခနဲပြုတ်ကျတော့မှ......ထောက်ထားတဲ့ခြေထောက်ရော....ဖမ်းနေတဲ့လက်ရော အရမ်းကိုနာကျင်ခဲ့ရတယ်.......၊ အဲ့တာကြောင့်မို့ မထိုက်တန်ခဲ့တဲ့ ပန်းလေးတစ်ပွင့်ကို ရပ်ငေးရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး.....။

ပြန်တွေ့ကြပေမယ့် ရယ်မောပြီး မင်းအကြောင်းတွေကိုတော့ မပြောနိုင်ခဲ့ပါဘူး......။

ဘယ်လောက်ထိချစ်မြတ်နိုးရကြောင်း၊ ဘယ်လောက်ထိ ကာကွယ်ပေးချင်ခဲ့ကြောင်း၊ မင်းနဲ့ပတ်သတ်ရင် နည်းနည်းလေးတောင်မှ ဆတ်ဆတ်ထိမခံ ဖြစ်ခဲ့တဲ့အကြောင်းတွေကိုပေါ့.......။

တစ်ဘဝလုံး ရပ်ငေးနေရရင်လည်း အဆင်ပြေပါတယ် ပန်းကလေးရယ်........။

ကိုယ်ဒီလောက်ဘဲ တတ်နိုင်ခဲ့တယ် မဟုတ်လား.......။

**************************

အကယ်၍ပြန်ဆုံဖြစ်ခဲ့ရင်Where stories live. Discover now