Part 5(Unicode)

1.4K 94 0
                                    

အိပ်တော့မယ် ဆိုတဲ့လူတစ်ယောက်ရဲ့ acc လေးကတော့ မီးစိမ်းလေးလင်းနေတုန်းပါဘဲ..။ ဘာလို့လဲလို့မေးရင်...အင်တာနက် မပိတ်မိလို့ လို့ဖြေမယ်....။ အဖြေကို သိနေတာတောင် မေးမိနေတုန်းဘဲ....။

ဒီလိုနဲ့ သူ့ရဲ့ကမ္ဘာမှာ ကိုယ်ဟာ မြူမှုန်လေးတစ်မှုန်စာလောက် အရာထင်ခဲ့တယ်ပေါ့...။ ဥာဏ်လင်းကတော့ သစ်ရဲ့ဘဝမှာ ပထမဆုံး ချစ်မိခဲ့တဲ့ လူသားလေးပါ...။သစ်ကျောင်းပြောင်းလာတုန်းက သူနဲ့တွေ့ခဲ့တာ...။ ဥာဏ်လင်းက အမြဲတမ်း သွက်လက်ထက်မြက်ပြီး ကောင်မလေးတွေပါးစပ်ဖျားမှာ ရေပန်းစားသည်။ သူ့ကိုကျိတ် crushခဲ့ကြတဲ့သူတွေထဲမှာ သစ်လည်းပါခဲ့သည်။

သစ်နဲ့ဥာဏ်လင်းနဲ့က မိဘချင်းသိကြတော့ ရင်းနှီးကြပါသည်၊ သို့သော်လည်း အခြားသူတွေရှေ့ရောက်ရင်တော့ အမြဲတမ်း မသိချင်ဟန်ဆောင်ကာ လျစ်လျူရှု့ထားလေ့ရှိသည်။

ဥာဏ်လင်း အတွက်သစ် အသုံးဝင်သည့်နေရာရှိသည်၊ သူအသည်းကွဲတိုင်း ရင်လာဖွင့်တတ်တာပင်...။ သစ်ကသာ သူ့အစားတွေးပြီး ဝမ်းနည်းပေးလိုက်ရတာ,.....၊ ကိုယ်အဆင်ပြေမနေပေမယ့်လည်း သူအဆင်ပြေမနေတဲ့အကြောင်းတွေကြားရရင် ကိုယ်လည်းစိတ်မကောင်းပေ။

ဒါပေမဲ့ နောက်နေ့ကျရင်တော့ အသစ်တစ်ယောက်ရသွားပြန်ရော....။ ဒီလိုမျိုးနောက်ကျောကို ဓားနဲ့ထိုးခံရတာတောင် ပျော်နေမိတဲ့ သစ်က အရူးတစ်ယောက်လိုပါဘဲ....။

ချမ်းက သစ်ကိုမေးဖူးသည်..။

"သူ့ကိုဘာလို့ကြိုက်တာလဲ .."တဲ့...။

သစ်မှာပြန်ဖြေစရာမရှိခဲ့ဘူး....။ ဒီတိုင်း သူဖြစ်နေလို့ကိုချစ်တာပေါ့....။ လူတစ်ယောက်ကို ချစ်တာအကြောင်းပြချက်မလိုဘူးထင်တယ်...။ဒီလိုပါဘဲ...သူဖြစ်နေလို့ကိုချစ်မိနေတာ....။

သစ်လည်း သက်ပြင်းတစ်ချက်ချရင်း ကျက်လက်စ စာအုပ်ကိုဘေးချကာ လေညင်းခံဖို့ ဝန်းရံတာဆီထွက်လာခဲ့သည်။ ထိုစဥ် ဝန်းရံတာတံခါးကိုမဖွင့်ခင် တစ်ယောက်ယောက် ဖုန်းပြောနေသံကိုကြားလိုက်ရသဖြင့် ဆတ်ခနဲတုန် သွားကာ ထိုအသံကို အာရုံစိုက်ကာ နားထောင်နေလိုက်သည်။

အကယ်၍ပြန်ဆုံဖြစ်ခဲ့ရင်Where stories live. Discover now