"ပုရစ်ကြော်ရမယ်.....ပုရစ်ကြော်...."
ဆူဆူညံညံလူတွေကြားထဲ လော်နဲ့အော်လိုက်သောအသံက ထင်ထင်ရှားရှားထွက်လာသဖြင့် ဟိန်းရော သစ်ရော ဟိုးအရင်ကအကြောင်းတွေကို ပြန်လည်တွေးမိကာ ပြိုင်တူပြုံးလိုက်ပြီး ပုရစ်ကြော်သည်ဆီ အပြေးသွားလိုက်ကြသည်။
ဂျူတီတွေအထပ်ထပ်ပြီးသွားတဲ့ အချိန်မှာတော့ သစ်တို့နှစ်ယောက် ရေကျော်ပွဲစျေးကိုရောက်ရှိလာခဲ့ပါသည်၊
သစ်က ဒူးထိရှည်သော ဂါဝန်အနီအကားလေးကိုဝတ်ကာ ဆံပင်လေးနှစ်ဖက်ခွဲစည်းထားသဖြင့် ကလေးတစ်ယောက်နှင့်တူနေသည်။ ဟိန်းကတော့ ပေါ့ပေါ့ပါးပါး T shirt အဖြူပေါ်မှာ ရှပ်အကျီအပြာစင်းလေးကို လက်ခေါက်တင်ကာ အားကစားဘောင်းဘီအနက်လေးနှင့် တွဲဝတ်ထားသဖြင့် လူငယ်ဆန်လှသည်။
မီးရောင်တွေနှင့်စည်ကားလှသော ပွဲစျေးထဲတွင် မုန့်သည်များနှင့် ကစားစရာရောင်သည့်အသည်များ၊ အကျီရောင်းသည့်အသည်များနှင့် ပြည့်နှက်နေသည်။
သစ်က ပုရစ်ကြော်တစ်ကောင်ကို ဟိန်းပါးစပ်ထဲလှမ်းထည့်ပေးလိုက်ပြီး........
"ဘယ်လိုလဲ ကောင်းလား...."
"ကောင်းတယ်..ပရိုတင်းဓာတ်အပြည့်ဘဲ."
သစ်ကအရင်တုန်းက ဟိန်းအကြောင်း ပြန်တွေးမိလိုက်သဖြင့် လှစ်ခနဲရယ်လိုက်မိ၏။
"အရင်တုန်းကလို ဓါတ်ပြားဟောင်းတွေကြိုက်တုန်းလား...."
"အခုခေတ်သီချင်းတွေလဲ နားထောင်ပါတယ်နော်....ဟိုရောရော ဒီရောရောပေါ့......."
သစ်လည်း ပြုံးကာခေါင်းညိတ်လိုက်ပြီး ရှေ့တွင်အာတာပူစီခေါ် ငှက်သိုက်မုန့်ကြီးကိုတွေ့လိုက်သဖြင့် စားချင်သွားကာ တစ်ခုပြေးဝယ်လိုက်သေးသည်။
ဟိန်းကပန်းရောင်သမ်းနေသော ခပ်ဖောင်းဖောင်းအမျှင်လေးတွေကိုကြည့်ရင်း.....
"ဒါကဆိုးဆေးတွေများတယ်...."
"တစ်ခါတစ်လေစားတာ ဘာဖြစ်လဲ......"
"ဘာမှတော့မဖြစ်ပါဘူးလေ....."
ဟိန်းလည်းစိတ်ပါသွားကာ သစ်နှင့်အတူ တစ်ဖဲ့နှစ်ဖဲ့လိုက်စားလိုက်သည်။
YOU ARE READING
အကယ်၍ပြန်ဆုံဖြစ်ခဲ့ရင်
Teenage Fiktion(Zawgyi+Unicode) အစ်ကိုပျော်ရဲ့လားတဲ့....ဒီလိုဘဝမှာ... လူတိုင်းကသူ့ဘဝကို ကျေနပ်တယ်ရယ်လို့..ဘယ်ဟုတ်ပါ့မလဲ..၊ ဒီလိုဘဲပေါ့ လူတိုင်းကလိုအပ်ချက်တွေနဲ့ရှင်သန်ရတာချည်းဘဲ။ လောကကြီးက အမြဲ ...တစ်ခုကိုပေးထားရင် တစ်ခုကို ပြန်ယူထားတတ်တယ်....။