ဆိုင်ပတ်လည်ကာရံထားသော မှန်ချပ်တွေကို သန့်ရှင်းဖို့ရာ အဝတ်စအဖြူထည်လေးကိုရေစွတ်ကာ ညစ်လိုက်သည်။ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ မပါမဖြစ်က ဂီတသံစဥ်။ သီချင်းနားထောင်ပြီး အလုပ်လုပ်ရင် သိပ်မပင်ပန်းသလို ခနလေးနဲ့ ပြီးသွားသလို ခံစားရတာကြောင့် သန့်ရှင်းရေးလုပ်တိုင်း သီချင်းလေးကို ဖွင့်ကာ သံစဥ်တွေနဲ့အတူ စီးမြောလိုက်ရမှ။

Jimmie Davis သီဆို​​ဖော်ကျူးထားတဲ့ "You are my sunshine" သီချင်းကို
ဖွင့်လိုက်သည်။ 1940 လောက်က version ဖြစ်တာကြောင့် တစ်မျိုးဆန်းသစ်နေသည်။
ရန်း က အရင်ခေတ်က သီချင်းတွေကို သဘောကျတယ်။ မြန်မာသီချင်းတွေ နားထောင်ရင်လည်း ဖေဖေတို့ခေတ်က သီချင်းတွေကိုသာ နားထောင်ဖြစ်သည်။ ခင်မောင်တိုး၊ထူးအိမ်သင်၊စိုင်းထီးဆိုင် စတဲ့ အနုပညာရှင်ကြီးတွေကတော့ ရန်း သိပ်သဘောကျရတဲ့ အနုပညာရှင်တွေ။ ဝန်းကတော့ ရန်းနားထောင်ရင် လိုက်နားထောင်ပြီး သူ့ကိုချော့သိပ်နေတဲ့အလား ရောက်ရာနေရာမှာ အိပ်ပျော်သွားတတ်လို့ တော်ရုံတန်ရုံ ဝန်း နဲ့အတူ သီချင်း နားမထောင်ဖြစ်။ဝန်း က နိုင်ငံခြားသီချင်းတွေ နားထောင်တာများတယ်။

...The other night dear,
...as I lay sleeping...💤
...I dreamed I held you
   in my arms...
...But when I awoke,dear,
...I was mistaken
...So I hung my head and I cried

...You are my sunshine 🌞
...My only sunshine 🌞
...You make me happy
...When skies are gray ☁
...You'll never know dear
...How much I love you ❤
...Please don't take my sunshine away ✨

သီချင်းလေးနောက် တိုးဖွဖွနဲ့ ရန်း လိုက်ညီးမိသည်။ အမှန်အတိုင်းပြောရရင် အင်္ဂလိပ် သီချင်းတွေထဲမှာ ဒီတစ်ပုဒ်ပဲ ရန်း ကောင်းကောင်း ရသည်။ ဒီသီချင်းကို လူတွေက အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပြန်သည်။ အချစ်သီချင်းလို့ ပြောကြသလို့ ဝမ်းနည်းစေတဲ့ သီချင်းလို့လည်း ပြောကြသည်။ Dear ဟာ ချစ်သူလည်း ဖြစ်နိုင်သလို သူငယ်ချင်းလည်း ဖြစ်နိုင်တယ်တဲ့လေ။ ဘာတွေပဲ ပြောကြပါစေ ရန်း အတွက်တော့ ငယ်ငယ်က ရန်းတို့မောင်နှမနှစ်ယောက်ကို မေမေချော့သိပ်နေကျ သီချင်းလေး နှလုံးသားကို နွေးထွေးစေတဲ့ သီချင်းလေး ။ ရန်း အတွက်တော့ Dear က ဝန်း ကို ညွှန်းဆိုခြင်းပင်။

When You Find Lost Love AgainWhere stories live. Discover now