Part (20) Unicode

Start from the beginning
                                    

"မမကလည်းကွာ....."

"ဘာမှမလိုအပ်ဘူး မှူးမှာ မမရှိနေရင် ရပြီ"

နှစ်ယောက်လုံး ဝမ်းသာမျက်ရည်တွေနဲ့ဆိုရင်တောင် မမရဲ့ မျက်ဝန်းရွဲရွဲ‌ေတွစီမှာ
မှူးရဲ့ အကြည့်တွေမ‌ခွာချင်လောက်အောင် မော့ကြည့်နေမိသည်။
ခုတင်‌ေဘးနားက မတ်တပ်ရပ်လျက်ပွေ့ဖက်ထားတဲ့ မရဲ့ နှုတ်ခမ်းထူအိအိတွေက
မျက်ရည်စီးကြောင်းနှစ်ဖက်နဲ့ အနားသတ်ထားကာ အရည်လဲ့လျက်သာ ရှိနေတော့သည်။
တဖြည်းဖြည်း မှူးကို မထိရက် မကိုင်ရက်နဲ့
ကတုံကယင်ဖြစ်နေတဲ့ မရဲ့ ခေါင်းလေးငုံ့သထက် ငုံ့ဆင်းလာတော့ နက်မှောင်မှောင်ဆံပင်ရှည်တွေပါ မှူးရဲ့ နှာခေါင်းဖျားကို လာထိနေသည်။

ရင်တွေ ဖျက်ခနဲ လှပ်ခနဲနဲ့ ကိုယ်လေးပါ ဆတ်ခနဲ တုန်နေမိသလို မှူးရဲ့ မျက်နှာလေးကိုငုံ့ကြည့်ရင်း အားမရစွာ ငုံ့ဆင်းရင်း သူမရဲ့ မျက်နှာလေးနား နီးရအောင်
အကြည့်တွေမခွာဘဲ ရှိနေမိသည်။

ဆူး ဘယ်လောက်ရင်ခုန်နေသလဲ သိလား....?

"မှူး.."

" ရှင်!"

" ဟိုလေ... မ ကလေးကို နမ်းချင်လို့
ခွင့်ပေးပါလား ...?"

"ကလေးဆိုတာ မှူးကို ပြောတာမလား?
အခု ကလေးနှစ်ယောက် ဖြစ်နေလို့လေ"

မရဲ့ မဝံ့မရဲဖြစ်နေပုံလေးတစ်ခုချင်းကအစ ချစ်စဖွယ်အပြည့်နှင့်မို့ မှူးမှာ အသည်းတွေယားရပြန်ပါသည်။ ဒီလိုမျိုး မဆီကနေ နမ်းချင်လို့ ခွင့်တောင်းတယ်ဆိုကတည်းက မ ဟာ မှူးကို
ပွင့်လင်းလာပေးတာမို့ ထပ်တိုးချစ်ရပြန်ပါရော...
မဖြစ်မနေ မစရရင် မနေနိုင်တာမို့ မေးမိပြန်တော့ ပြာပြာသလဲ ခေါင်းခါရှာသည်။

" ကလေး! ...ကလေးဆိုတာ မရဲ့ ကလေးငယ်
မှူးကို ပြောတာ
မှူးကို နမ်းချင်တာ ...နော်..."

"ဟီး....သိသားပဲ တမင်စနေတာ.. မမကိုလေ...အင့် ! "

စကားစတွေမပြီးသေးခင် နှုတ်ခမ်းထူထူတွေရဲ့ ထိတွေ့မှုကြောင့် ကြက်တူရွေးမလေး တိတ်သွားရသလိုမျိုး....
နှုတ်ခမ်းထိတယ်ဆိုရုံလေးနဲ့ ဖိကပ်ထားသည်။
ဘာမှထပ်ရွေ့လျားမှုမရှိတော့ဘဲ သူမရဲ့ နှုတ်ခမ်းတွေ တုန်နေတယ်ဆိုတာကိုပဲ လာအသိပေးနေသလို....
ဪ မနမ်းတတ်လိုက်တာ မ ရယ် .....!

အရိပ်ဝေး Where stories live. Discover now