Epi - 30

2.5K 185 30
                                    

Unicode

စားသောက်ပြီးလို့ ပြန်ချိန်တင် ချီးကားစတိုက်လေသည်။ လာတုန်းက ဇင်မိုးရဲ့ ကားနဲ့ လာကြခြင်း။ ကျွန်တော်တို့ ၅ယောက် ေအးဆေးကာသည်လေ။ အခုတော့ ကိုလောရှည်လည်း ပါလာပြီ။ ကားက ဘယ်လိုနည်းနဲ့မှ မကာတော့ပါ။ အတင်းဖြဲကွဲ ထိုင်ရင်လည်း ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်ကုန်ရော့မည်ပင်။

" ကိုလောရှည် ဘယ်မှာနေဖို့လဲ "

ရလေးပြောမှ ကျွန်တော်နေဖို့နေရာ သတိရသည်။ ဟုတ်သား လောလော လောလောနဲ့ တဏှာဇောကပ်ပြီး လာလိုက်တာ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ဘာမှ မပြင်ဆင်ရသေး။ ဟိုက်...... ခန့်ရွှေစည်ရေ မင်း လမ်းဘေးမှာ ငုတ်တုတ်အိပ်ရဖို့တော့လားကွာ။

" Hotel မှာပဲ အိပ်လိုက်မယ်လေ ရလေး မနက်....."

" ဘာ hotel လဲ ပိုက်ဆံပေါနေတာလား ရရအိမ်ကိုသာ လိုက်ခဲ့တော့ ဟျောင့်တွေ ပြန်တော့ ငါ အိမ်ကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက်မယ်"

သူ့ဘာသာသူ အကုန်စီမံခန့်ခွဲသွားသည့် အသည်းညှာ။ တော်လိုက်တာ ကျွန်တော့်အသည်းညှာ။
ရလေးအိမ်ကိုလိုက်ရမည်မို့ ခန့်ရွှေစည်တစ်ယောက် ဖုံးလို့ဖိလို့မနိုင်အောင် ပျော်ရွှင်နေပါသည်။

" ပါးစပ်လည်း နားရွက်တပ်ချိတ်နေအုံးမယ် သိက္ခာလေး ဘာလေးလဲ ထိန်းအုံး "

ပြောပြီး သူ့အိမ်ကို ဖုန်းဆက်နေသော အသည်းညှာ။

" ဟယ်လို ဘဘ ဘူးသီးရေ သားကို ocean မှာ လာခေါ်ပါလား အဖေ့ကားနဲ့နော် သားကားတွေကို မထိနဲ့ ဘဘ ဘူးသီး "

ဥစ္စာကလည်း ခြောက်လိုက်တာကွာလို့ မဆိုချင်ပါ။ ကျွန်တော့်အသည်းညှာက အခုလိုလေး ထိန်းသိမ်းတတ်သည်မို့ ကျွန်တော်တို့ညားရင်
ပိုက်ဆံတွေ အလေအလွင့်မဖြစ်တော့ဘူးပေါ့။

ကျွန်တော်တို့ညားရင်........။ အား...... ခန့်ရွှေစည် အတွေးနဲ့တင် ပျော်ရွှင်အူမြူးရသည်မို့ အသံထွက် ရယ်လိုက်မိသည်။

ဒါကို ေဘးက အသည်းညှာက

" ရူးနေတာလား ဘာလဲ တစ်သက်နဲ့တစ်ကိုယ်
တစ်ခါမှ ရည်းစားမထားဖူးလို့ ရူးသွားတာလား "

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now