ညိုးငယ်စွာထိုင်နေတဲ့ ထယ်ယောင်းဟာ ဂျန်းကုရဲ့ဒဏ်ရာတွေကိုမြင်မြင်ချင်းမတ်တပ်ထရပ်လိုက်လေသည်..

"ဘာမှမဖြစ်ပါဘူး"

"ကမ်နမ်ဂျွန်းလုပ်လိုက်တာလား... ငါအဲ့ဒီလူကိုအခုသွားသတ်မယ်.."

တကယ်သွားမလိုပြင်နေတဲ့ထယ်ယောင်းကြောင့် ဂျန်းကုအမြန်ပင်တားလိုက်ရသည်...

"ကမ်နမ်ဂျွန်းလုပ်တာဆိုရင် ငါကဒီအတိုင်းငြိမ်ခံနေမှာလား"

"အဲ့တာဆိုရင် ဘယ်သူက?? ဧကန္တ ကမ်ဆော့ဂျင်??"

ဂျန်းကုခေါင်းငြိမ့်ပြလိုက်သည်..

"အဲ့တာဆိုသူသိသွားပီပေါ့... သူတော်တော်ကိုခံစားလိုက်ရမှာပဲ"

"ဒါပေမဲ့ပိုပီးအဆင်ပြေသွားတာပေါ့.. ငါသူ့ကိုငါနဲ့ကမ်နမ်ဂျွန်းကြားထဲမှာမညပ်စေချင်ဘူး... ဒီထပ်လည်းထပ်ပီးသူ့ကိုမလိမ်ချင်တော့ဘူး"

ထယ်ယောင်းကအံ့အားသင့်စွာနဲ့..

"ဂျန်းကု မင်းသူသိအောင် တမင်လုပ်လိုက်တာလား??!!"

ဂျန်းကုဘာမှမပြောပဲ ပြတင်းပေါက်ကိုသာစိုက်ကြည့်နေလိုက်သည်...
.
.
.
.
.
လွန်ခဲ့သောအချိန်၌

ယွန်းဂီ ဂျန်းကုရဲ့ကော်လံစကိုဆွဲပီးနံရံနဲ့ပြေးကပ်လိုက်သည်..

"မင်းကိုငါတခုပဲမေးမယ် ကမ်ဆော့ဂျင်ကမင်းအတွက်ဘာလဲ"

ဂျန်းကုပြန်မဖြေခင် တံခါး၀ကကပုံရိပ်ငယ်လေးကြောင့်
မပြောချင်သောစကားတချို့ကိုပြောခဲ့လိုက်ရသည်...

"ကမ်နမ်ဂျွန်းကို လက်စားချေမဲ့ အစီအစဉ်တွေထဲကတခု"

တံခါးဖွင့်သံနဲ့အတူချစ်ရသူရဲ့တောက်ခေါက်သံ နဲ့ မျက်နှာပေါ်ကိုကျရောက်လာတဲ့လက်သီးချက်တွေကို
ဂျန်းကုမတွန်းဖယ်ခဲ့ပါဘူး... ဘာလို့လဲဆိုရင်သူကဒီအပြစ်ဒဏ်ထပ်ကိုပိုပီးကြီးလေးလွန်းတဲ့အပြစ်ကိုကျူးလွန်ခဲ့တာလေ.. ချစ်ရတဲ့သူကိုအသုံးချပီး လက်စားချေဖို့ကြိုးစားခဲ့တဲ့သူ့အတွက် ဒီအပြစ်ဒဏ်ကထိုက်တန်ပါတယ်... အနည်းဆုံတော့ချစ်ရသူ သူ့ကိုမုန်းသွားပီး သူနဲ့ကမ်နမ်ဂျွန်းတို့ရဲ့ကစားပွဲထဲ၀င်မပါစေရဖို့ပင်... အနည်းဆုံးတော့သူအန္တရာယ်ကင်းလျှင်ပဲကျေနပ်ပါသည်..

Only you (Complete)Where stories live. Discover now