ရိပေါ်တစ်ယောက် အစည်း ဝေးခန်းထဲတွင် ရောက်ကတည်းကစိတ်တွေလေးလံနေတယ်
"ကဲ အစည်းဝေးစမယ်"
အစည်းဝေးစတာနဲ့ အဆိုတင်သွင်းသူကတင် ဝယ်သူရောင်းသူ ရှယ်ယာရှင်တွေနဲ့လုပ်ငန်းစဆွေးနွေရသည်
အိမ်ကအစောင့်တွေကလည်း ညနေစောင်းတဲ့အထိ သူတို့အကိုလေးပြန်မလာတာကြောင့်စိတ်ပူနေကြသည်
ခါတိုင်းဆို သူတို့အကိုလေးက အိမ်ပြန်နောက်ကျရင် နောက်ကျမယ်လို့ပြောသွားတတ်တယ် အခုဟာက သွားပို့ပြီးပြန်နှင့် ငါပြီးတာနဲ့ကားငှားပြီးပြန်ခဲ့မယ်လို့ပြောခဲ့တာလေ အခုချိန်ထိပြန်မရောက်သေးဘူးဟူးမဖြစ်သေးပါဘူး သခင်လေးကို ဖုန်းဆက်မှဖြစ်မယ်
ရိပေါ်အစည်းဝေးလုပ်နေစဥ်ဖုန်းလာတာကြောင့် ခနရပ်သွားကြသည်
ရိပေါ်လည်း ဖုန်းကိုမကြည့်ပဲ ပိတ်လိုက်သည်သို့သော် ဖုန်းကခနခနလာနေတာကြောင့်နံပါတ်ကိုကြည့်လိုက်တော့ သူ့လူယုံဆီကဖြစ်နေတာကြောင့် အစည်းဝေးခန်းထဲရှိတဲ့သူအားလုံးကိုတိတ်ခိုင်းလိုက်သည်
"ဟယ်လို ဘာကိစ္စလဲ"
"ဟယ်လိုသခင်လေး အကိုလေးမနက်ကတည်းကဆေးခန်းပြမယ်ဆိုပြီးသွားတာ အခုထိပြန်မရောက်သေးဘူး ဖုန်းဆက်လို့လည်းမရဘူး""ဘာကွ မင်းတို့ကွာ သေချာဂရုမစိုက်ကြဘူး
ငါအခုချက်ချင်းပြန်လာမယ် ကောဖုန်းကို ရအောင်ဆက်"ရိပေါ်ဖုန်းကိုင်ကာအစည်းဝေးခန်းထဲကချက်ချင်းထွက်သွားတာကြောင့်အားလုံး ကြောင်သွားရသည်
အစည်းဝေးလုပ်ဖို့ တရုတ်ကနေ ဘန်ကောက်ထိတောင်လာရတာကို ချက်ချင်းကြီးထပြန်သွားတယ်ရိပေါ်မန်နေဂျာကိုချက်ချင်းလက်မှတ်ဖြတ်ခိုင်းကာ ပြန်ခဲ့သည်
"စိတ်ထဲမှာတော့ ကော ဘာမှမဖြစ်ပါစေနဲ့"ရှောင်ကျန့်သတိရလာပေမယ့် ခေါင်းကမူးနောက်နေတာကြောင့်ဘယ်နေရာရောက်နေလဲဆိုတာသူမသိ
ထိုစဥ် အခန်းထဲရှိလူနှစ်ယောက်ထဲကတစ်ယောက်ထွက်သွားပြီး လူတစ်ယောက်ပြန်ပါလာတာသိပေမယ့်ဘယ်သူလဲဆိုတာ မသဲကွဲ"ရပြီ မင်းတို့သွားတော့"
"ချာတိတ်သတိရပြီလား"
"ဘယ် ဘယ်သူလဲ ဘာလို့ကျွန်တော့ကို ဒီခေါ်လာတာလဲ အာ မူးလိုက်တာ"