ရိပေါ်အိမ်မပြန်ခင် ရှောင်ကျန့်ကိုဖုန်းဆက်လိုက်သည်"ကော ကျွန်တော်သွားစရာရှိသေးလို့ နည်းနည်းမိုးချုပ်မယ်နော် ညနေစာလည်း စားနှင့်ကျွန်တော်အပြင်ကပဲစားခဲ့မယ်"
"အင်းအင်း ဂရုစိုက်အုံးနော်"
"ဟုပ်ကော"
ရိပေါ် ဖုန်းချပြီး မကြာခင် ဖုန်းနောက်တစ်ခါပြန်လာလို့ကြည့်တော့ unknown number
တဲ့ ရှောင်ကျန့်ဖုန်းကိုင်လိုက်တော့"ဟယ်လို အမိန့်ရှိပါ "
"ဟယ်လို ချာတိတ်လား ""ဗျာ အခုကဘယ်သူလဲဗျ"
"ကိုယ့်အသံတောင်မမှတ်မိဘူးလားချာတိတ်ရာ""စိတ်မရှိပါနဲ့ကျွန်တော်တကယ်မမှတ်မိလို့ပါ"
"ရပါတယ် ကိုယ် ဝမ်ချောင်ပါ"
"သြော် အကို ဘာကိစ္စရှိလို့လဲမသိဘူး""သြော်ချာတိတ်ရာ ကိုယ်က ကိစ္စရှိမှဆက်ရမှာလား "
"မဟုပ်ပါဘူးဗျ ဆက်လို့တော့ရပါတယ် ဒါပေမယ့် ."
"ဘာလဲ ချာတိတ်ယောကျာ်း သိမှာစိုးလို့လား"
"ဗျာ ဘယ်သူ "
"ချာတိတ်ရဲ့ယောကျာ်းလေဟိုတစ်ခေါက်ကိုယ်စာပို့တော့ပြန်ပို့တဲ့တစ်ယောက်လေ"ထိုအခါမှ ဟိုနေ့ကရိပေါ်မေးတာကိုသတိထားမိတော့သည်
"သြော် သူက ကျွန်တော့ယောကျာ်းမဟုပ်ပါဘူး ကျွန်တော်တို့လပ်မထပရသေးဘူး"
"သြော် အဲ့တာဆိုကိုယ့်မှာမျှော်လင့်ချက်ရှိသေးတာပေါ့"
"ဗျာ"
"သြော် ဘာမှမဟုပ်ပါဘူး ဒါနဲ့ချာတိတ်ညစာစားပြီးပြီလား"
"မစားရသေးဘူးဗျ"
"အဲ့တာဆိုအကို ချာတိတ်ကိုညစာလိုက်ကျွေးပါရစေ""ဟို အားနာစရာကြီး"
"အားနာစရာမလိုပါဘူး ချာတိတ် မငြင်းရဘူးနော် နေရာပို့လိုက်မယ် ရောက်အောင်လာခဲ့အကိုစောင့်နေမယ်"ရှောင်ကျန့်လည်းအိမ်မှာတစ်ယောက်တည်းစားရမဲ့အတူတူတော့သွားတာကောင်းပါတယ်လေဟုဆိုကာ ဝမ်ချောင်ပို့ပေးတဲ့လိပ်စာအတိုင်းလာခဲ့လိုက်သည်
ဆိုင်ရောက်တော့ဝမ်ချောင်ကရောက်နှင့်နေပြီ
ကျွန်တော်ဝင်လာတာတွေ့တော့လက်ပြသည်