Part 7😘

12.6K 802 15
                                    

ရှောင်ကျန့်တစ်ယောက်ပျင်းလို့ Tv ထိုင်ကြည့်နေတုန်း Tv ထဲကကြော်ညာတစ်ခုကသူ့စိတ်ကိုဖမ်းစားလိုက်သည်
အဲ့တာက သူတတ်ခဲ့တဲ့စီးပွားရေးမေဂျာမှာဆရာတစ်ယောက်အလိုရှိပြီး စီးပွားရေးနဲ့ဘွဲ့ရသည့်မည်သူမဆို လာရောက်ဆယ်သွယ်နိုင်သည်ဆိုတဲ့ကြော်ညာပင်

တက္ကသိုလ်ဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာ ရှောင်ကျန့်ရဲ့အိပ်မက်တစ်ခုပင်
ငါသွားလျှောက်ချင်လိုက်တာ ဝမ်ရိပေါ်ကခွင့်ပြုပါ့မလား
ဟာမသိဘူး သူလာရင်ပြောကြည့်ရမှာပဲ
ထိုနေ့ ရိပေါ်အိမ်ပြန်နောက်ကျသောကြောင့်ည ၈ နာရီမှပြန်ရောက်လာသည်

ရိပေါ်အိမ်ရောက်တော့ ဧည့်ခန်းထဲမှာငုတ်တုတ်လေးအိပ်ပျော်နေတဲ့ရှောင်ကျန့်ကိုတွေ့လိုက်ရသည်

ဘာလဲဟ ကျန့်ကောခါတိုင်းဒီအချိန်ဆိုအိပ်နေပါပြီ ဒီနေ့မှဘာလို့အပြင်မှာအိပ်နေရတာလဲ ခြင်တွေကိုက်ကုန်တော့မှာပဲ
ရိပေါ် ရှောင်ကျန့်ကို ပွေ့လိုက်ကာ သူ့အခန်းထဲ့ကိုလိုက်ပို့လိုက်တယ်
အခန်းထဲရောက်တော့ ကျန့်ကောနိုးလာတယ်

"ဟင် ရိပေါ် မင်းပြန်ရောက်ပြီလား "

"အင်း ဒါနဲ့ကျန့်ကောဘာလို့အပြင်အိပ်နေတာလဲ"
"ဟိုဟို ငါမင်းကိုစောင့်နေတာ ပြောစရာရှိလို့"

ကျန်ကောဘာများပြောစရာရှိလို့လဲ့သူ့ကိုအိမ်ပြန်ပို့ခိုင်းမှာတော့မဟုပ်လောက်ပါဘူးနော်
ရိပေါ်ရင်ထိတ်စွာနဲ့ပဲ

"အင်းပြောလေ"
"ဟို ငါ ငါလေ ငါတို့ကျောင်းမှာဆရာတစ်ယောက်လိုလို့တဲ့ငါသွားလျှောက်ချင်လို့ပါ"

"ကျွန်တော်ကမသွားရဘူးဆိုရင်ရော"
"အဲ့လိုဆိုတော့ ဘယ်တတ်နိုင်မလဲ. "

ရိပေါ်ဝမ်းနည်းသွားတဲ့ရှောင်ကျန့်ကိုကြည့်ပြီးစိတ်မကောင်း

"ကောင်းပြီလေ ကျန့်ကောသွားချင်တယ်ဆိုကျွန်တော်ပြောတဲ့အချက်တွေလိုက်နာနိုင်မှသွားရမယ် ဘယ်လိုလဲ"

"အင်း အဲ့အချက်တွေကဘာတွေလဲဟင် ရိပေါ် "

နံပါတ်တစ်. ထွက်မပြေးရဘူး
နံပါတ်နှစ်.ဘယ်သူ့ကိုမှရင်းရင်းနီးနီးမနေပါနဲ့
နံပါတ်သုံး. တစ်ပါတ်တစ်ခါကျွန်တော်နဲ့အတူနေပေးရမယ်

အမုန်းကြိုးလေး🔞(complete)Where stories live. Discover now