Epi- 27

2.1K 228 23
                                    

Unicode

ပွဲတော်ကို ပျော်ရွှင်စွာ နွှဲပျော်နေချိန် ရဲကားသံတွေ တဖြည်းဖြည်း နီးကပ်လာသည်။

" ဟျောင့်တွေ ရဲတွေလာပြီဟေ့..."

သူ့ဖက် ကိုယ့်ဖက်လူတွေရောနေချိန် ဘယ်ဖက်ကမှန်းမသိတဲ့ တစ်ကောင်က အသံဆိုးနှင့် အော်ပြောလေသည်။ အဲ့တော့လည်း ကျန်တဲ့သူတွေ ဖြစ်ချင်သလိုဖြစ် လှည့်မကြည့်တော့ပဲ တတိုင်းရတို့ အုပ်စုလည်း ကိုယ့်ကားဆီ ကိုယ်အမြန်ပြေးတတ်ရင်း မောင်းပြေးရတော့သည်။

လွတ်လာသည်မို့ တော်သေး။ မဟုတ်ရင် Jထဲ ဝင်အောင်းရမည်ပင်။ bffတွေကို နှုတ်ဆက်ရင်း ရရလည်း အိမ်ကိုသာ တန်းမောင်းလာလိုက်သည်။
အင်း........... ခုချိန်လောက်ဆိုရင်တော့ အဖေနှင့် အမေတို့လည်း ပြန်ရောက်နေလောက်ပြီ။

ရရလည်း တော်တော်ပင် ရုပ်ပေါက်နေပါပြီ။
သူတောင်းစားရုပ်.........။

ခြံရှေ့မှာ ရပ်လိုက်ပြီး ကားထဲမှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ ချက်ချင်း ခြံတံခါးပွင့်သွားသည်မို့ ရရလည်း ကားကို ဂိုထောင်ထဲသာ တစ်ခါတည်း မောင်းဝင်လာလိုက်သည်။
ဟိုး....ဖက်ကို ကြည့်လိုက်တော့ အဖေ့ကားရော အမေ့ကားရော တွေ့လိုက်ရသည်။ သေချာပြီ ပြန်ရောက်နေကြပြီ။

အိမ်ထဲကို ဟိုဖက်ကြည့်လိုက် ၊ ဒီဖက်ကြည့်လိုက်နှင့် သူခိုးချောင်းနည်းဖြင့် ဝင်လာသူမှာ မည်သူနည်း.......။

...............

ဟုတ်ပါသည် ။ အမောင် တ တိုင်း ရ ပင်။

ရရ အိမ်အောက်ထပ် တစ်ထပ်လုံးကို မျက်စိကစားရင်း အိမ်ထဲ ဝင်လာလိုက်သည်။
ဧည့်ခန်းရှေ့နားရောက်ခါနီးတွင်

" အကို သားက အိပ်နေပြီလား မသိဘူးနော် ဒီနေ့ ပြန်တာနောက်ကျလို့ သားကိုတောင် မတွေ့ရသေးဘူး "

မြတ်စွာဘုရား.......ဗုဒ္ဓေါ။ အားတဲ့ဘုရားရော မအားတဲ့ဘုရားရော ကယ်ကြပါ။
ဒီပုံကို အဖေနှင့်အမေ မြင်လို့ လုံးဝ လုံးဝ မဖြစ်။
ရရ စဥ်းစားနေရင်း အကြံရပြီလေ...။

ဒီကနေ ရရနေသည့် ဒုတိယထပ်ကို ရောက်အောင် အပြေးသမားတွေ စတင်ပြေးရန်အသင့်နေရာယူသည့် အနေအထားအတိုင်း ရရ နေရာယူလိုက်သည်။ စိတ်ထဲမှလည်း

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now